International News

ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီး တင်ပို့မှု ဆက်လက် မြင့်တက်

Last Updated:

၂၀၂၄ ခုနှစ် ပထမလေးလတွင် ဗီယက်နမ်နိုင်ငံ ဒူးရင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးများအသင်း (Vinafruit) ၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။ အဆိုပါ ကိန်းဂဏန်းသည် သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု၏ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံကျော် တိုးမြင့်စေခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၂.၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ဒူးရင်းတင်ပို့မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဒူးရင်းတင်ပို့မှု သိသိသာသာ မြင့်တက်လာခဲ့ ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်အတွင်း ဒူးရင်းထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် တရုတ်နိုင်ငံမှ ဒူးရင်းတန်ချိန် ၄၉၃,၀၀၀ တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁,၀၃၆ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၁,၁၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးသည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တင်သွင်းမှု ၃၄.၆ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ်က တင်သွင်းမှုထက် ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလစာရင်းများအရ ဗီယက်နမ်နိုင်ငံတွင် ဒူးရင်းစိုက်ပျိုးမှု စုစုပေါင်းဧရိယာသည် ၁၅၁,၀၀၀ ဟက်တာအထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ဒူးရင်းထွက်ရှိမှုမှာ တန်ချိန် ၁.၂ သန်းနီးပါးရှိပြီး ယခုနှစ်တွင် တန်ချိန် ၁.၅ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

Source : The Hanoi Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News