International News

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း တင်ပို့မှု ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏ အဆိုအရ ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းဈေးသည် ၂၀၂၄ ခုနှစ် ပထမလေးလပတ်တွင် တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄,၂၁၄ ထိရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၃၆.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Vietnam Economic Times အွန်လိုင်းသတင်းအရ သိရှိရပါသည်။

ယခုနှစ် လေးလတာကာလအတွင်း ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၅၂ သန်း တန်ဖိုးရှိ ငရုတ်ကောင်း တန်ချိန် ၈၃၀၆၇ တင်ပို့ခဲ့ကြောင်း၊ ပမာဏမှာ ၁၉.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တစ်နှစ်ထက်တစ်နှစ် တန်ဖိုးအားဖြင့် ၁၀.၃ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်၊ တရုတ်နှင့် အီးယူတို့ကဲ့သို့သော နိုင်ငံများမှ ဝယ်လိုအားမြင့်တက်နေချိန်တွင် ငရုတ်ကောင်း ရှားပါးမှုကြောင့် ကမ္ဘာ့ငရုတ်ကောင်းဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်လျက်ရှိသည်။ နိုင်ငံတကာ အရောင်းအဝယ် ကြမ်းခင်းဈေးများအနေဖြင့် ငရုတ်ကောင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၉၀၀ မှ ၅,၂၀၀ အထိ မြင့်တက်ခဲ့ပြီး ငရုတ်ကောင်းဖြူ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆,၅၀၀ မှ ၇,၃၀၀ အထိ မြင့်တက်လျက်ရှိသည်။

အာရှသည် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း တင်ပို့မှုအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး စုစုပေါင်း၏ ၃၆.၂ ရာခိုင်နှုန်းနှင့် အိန္ဒိယသည် ငရုတ်ကောင်း ၅,၅၅၂ တန်တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ၂၃.၉ ရာခိုင်နှုန်း တိုးမြင့်လာကာ ဒေသတွင်းတင်ပို့မှု စုစုပေါင်း၏ ၆.၇ ရာခိုင်နှုန်း ရှိသည်။

အဆိုပါကာလအတွင်း အမေရိကန်နိုင်ငံသို့ ငရုတ်ကောင်း တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် ၄၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်သည် တန်ချိန် ၂၂,၇၇၄ ဖြင့် တင်သွင်းခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

အမေရိကန်၊ တရုတ်နှင့် အီးယူတို့၏ ငရုတ်ကောင်း ဝယ်လိုအားတိုးလာပြီး ရောင်းလိုအားနည်းပါးသည့်အတွက် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှုမှာ ၃၆.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပျမ်းမျှပို့ကုန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၂၃၀ ကျော်ထိ ရောက်ရှိခဲ့ပါကြောင်း သိရှိနိုင်ပါရန် ရေးသားတင်ပြရပါသည်။

 

 

 Source: Vietnam Economic Times

(စီးပွာရေးသံမှူး၊ဗီယက်နမ်)

Category: International News