International News

ဗီယက်နမ်နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ရာဘာတင်ပို့မှု မြင့်တက်

Last Updated:

သီရိလင်္ကာဈေးကွက်သို့ ယခုနှစ်ပထမ ၅ လတွင် ဗီယက်နမ်မှ ရာဘာတင်သွင်းမှုသည် ပမာဏအားဖြင့် ၄၃၅.၇ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၅၃၀.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း Viet Nam News အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှု အေဂျင်စီ၏ ဖော်ပြချက်အရ ယခင်လက ရာဘာတင်ပို့မှုမှာ တန်ချိန် ၈၄,၄၆၀ ရှိပြီး အမေရိကန်ဒေါ်လာ ၁၃၅.၆၄ သန်း ရရှိခဲ့ကြောင်းသိရှိရပါသည်။ ဧပြီလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၂၇.၉ ရာခိုင်နှုန်းနှင့် ပြီးခဲ့သည့်နှစ် မေလတန်ဖိုးထက် ၁၄.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

ရာဘာတင်ပို့မှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်လဆက်တိုက် ကျဆင်း ခဲ့သည်။

ယခုနှစ် ပထမ ၅ လအတွင်း ရာဘာတင်ပို့မှုမှာ တန်ချိန် ၅၇၂,၂၈ဝ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၉.၄ သန်းရရှိခဲ့ကြောင်း၊ ပမာဏအားဖြင့် ၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါ သည်။

အထူးသဖြင့် တရုတ်၊ နယ်သာလန်နှင့် ပီရူးတို့ကဲ့သို့သော စျေးကွက်များတွင် ယခုနှစ် ပထမ ၅ လအတွင်း ရာဘာတင်ပို့မှု ကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း အိန္ဒိယ၊ တောင်ကိုရီးယား၊ ရုရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ တူရကီ၊ ဘရာဇီးနှင့် အီတလီအပါအဝင် အချို့သော ဈေးကွက်များသို့ တင်ပို့မှု တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။

သီရိလင်္ကာဈေးကွက်သို့ ဗီယက်နမ်နိုင်ငံမှ ရာဘာတင်သွင်းမှုသည် ယခုနှစ်ပထမ ၅ လ အတွင်း ထူးထူးခြားခြား မြင့်တက်လာခဲ့ပြီး အဆိုပါဈေးကွက်သို့ ဗီယက်နမ်နိုင်ငံ၏ ရာဘာတင်ပို့မှု ဝေစုသည် ၀.၂၆ ရာခိုင်နှုန်းမှ ၁.၄၃ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News