International News

ဗီယက်နမ်လေကြောင်းလိုင်းသည် ၂၀၂၄ ခုနှစ်တွင် အခွန်မဆောင်မီအမြတ်ငွေ အမေရိကန် ဒေါ်လာ ၁၇၅ သန်းရရှိရန် မျှော်မှန်း

Last Updated:

ဗီယက်နမ်အမျိုးသားလေကြောင်းလိုင်းသည် ၂၀၂၄ ခုနှစ်တွင် အခွန်မဆောင်မီ အမြတ်ငွေ ဗီယက်နမ်ဒေါင် ၄.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၅ မီလီယံ) ကျော်ရရှိရန် ရည်မှန်းထားကြောင်း အဖွဲ့၏ အမှုဆောင်အရာရှိ Le Hong Ha ၏ ဇွန် ၂၁ ရက်နေ့က ပြောကြားချက်အရ သိရှိရပါသည်။

လေကြောင်းလိုင်း၏ စုစုပေါင်း ဝင်ငွေသည် ယခုနှစ်တွင် ဗီယက်နမ်ဒေါင် ၁၀၅.၉ VND ထရီလီယံ (အမေရိကန် ဒေါ်လာ ၄.၁၆ ဘီလီယံ) သို့ ရောက်ရှိရန် မျှော်မှန်းထားပြီး တစ်နှစ်ထက် တစ်နှစ် ၁၁၃.၆ ရာခိုင်နှုန်း တိုးမြင့်လာမည်ဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံခြားခရီးသည် ၇.၆၄ သန်း အပါအဝင် စုစုပေါင်း ခရီးသည် ၂၂.၆၄ သန်းကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ၇.၆ ရာခိုင်နှုန်း တိုးလာမည်ဟု ရည်မှန်းထားပါကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်အတွင်း လေကြောင်းလိုင်းအနေဖြင့် ကုန်စည်တန်ချိန် ၂၇၃,၀၀၀ ခန့်ကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၂၁.၆ ရာခိုင်နှုန်း တိုးတက်လာမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်လေကြောင်းလိုင်းသည် ခရီးသည် ၂၄.၁ သန်းနှင့် ကုန်စည်တန်ချိန် ၂၃၀,၀၀၀ ကို ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ဝင်ငွေသည် ဗီယက်နမ်ဒေါင် ၉၃,၂၆၅ (အမေရိကန်ဒေါ်လာ ၃.၆၆ ဘီလီယံ) ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News