International News

အမေရိကန်နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရန် Economic Diplomacy Action Group ကိုဖွဲ့စည်းခဲ့

Last Updated:

ကမ္ဘာ့စင်မြင့်တွင် အမေရိကန်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သံခင်းတမန်ခင်းကို မြှင့်တင်ရန်နှင့် အမေရိကန်အလုပ်သမားများကို ပံ့ပိုးကူညီပေးခြင်းနှင့် အလုပ်အကိုင်များဖန်တီးပေးခြင်း ဖြင့် နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရတစ်ရပ်လုံးခြုံငုံစဉ်းစားသည့် ချဉ်းကပ်နည်းအသစ်တစ်ရပ်အဖြစ် စီးပွားရေးဆိုင်ရာသံတမန်အဖွဲ့ (Economic Diplomacy Action Group - EDAG) ဖွဲ့စည်းတည်ထောင်ခြင်းကို သမ္မတဂျိုးဘိုင်ဒင်က ယခင်ရက်သတ္တ ပတ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါ EDAG အဖွဲ့သည် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် ကမ္ဘာတစ်ဝှမ်းအခွင့်အလမ်းများဖန်တီးပေးနိုင်ရန်နှင့် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့်ကဏ္ဍများအား ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်သွားရန်ဟူသည့် နိုင်ငံခြားရေးမူဝါဒကို အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း၊ EDAG အနေဖြင့် အမေရိကန်နိုင်ငံ၏ မိတ်ဖက်များနှင့် မဟာ မိတ်နိုင်ငံများနှင့် အတူတကွဖွံ့ဖြိုးတိုးတက်ရန်နှင့်  ခံနိုင်ရည်ရှိသောကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်များ တည်ထောင်ခြင်း  အပါအဝင် အမေရိကန်စီးပွားရေး၏ အဓိကဦးစားပေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ၏ ပို့ကုန်များ တိုးမြှင့်နိုင်ရန်အတွက် EDAG အနေဖြင့် ကုန်သွယ်မှု တိုးချဲ့နိုင်ရေး အကြံပေးကော်မတီ (Trade Expansion Advisory Committee) ကို ပုဂ္ဂလိကကဏ္ဍ၊ အလုပ်သမားနှင့် အခြားအဖွဲ့စည်းများမှ ကိုယ်စားလှယ်များကို ရွေးချယ်၍ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ EDAG ဖွဲ့စည်းခြင်းသည် အမေရိကန်နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍများ၏ အခြားနိုင်ငံများ၌ စီးပွားရေးလုပ်ကိုင်ရန်စိတ်ဝင်စားမှုအပေါ် အမေရိကန်အစိုးရ၏ အထောက်အပံ့ကို တိုးမြှင့်ခြင်းဖြင့် အမေရိကန်နိုင်ငံ ၏ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ယှဉ်ပြိုင်နိုင်မှု မြင့်မားစေရန်ဟု Diplomacy Act of 2019 ပါပြဋ္ဌာန်းချက်အရ အမေရိကန်စီးပွားရေးလုပ်ငန်းများ တိုးတက်လာရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

EDAG အဖွဲ့၏ဥက္ကဋ္ဌအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆောင်ရွက်သွားမည်ဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တို့နှင့်လည်း ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News