အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၏ ပို့ကုန်အချို့ကို အိန္ဒိယနိုင်ငံက အကောက်ခွန် (၁၀၀) ရာခိုင်နှုန်း ကောက်ခံခြင်းအပေါ် ဝေဖန်ပြောကြားခဲ့ပြီး အကယ်၍အိန္ဒိယနိုင်ငံက ဆက်လက်၍ယင်းသို့ကောက်ခံပါက အမေရိကန်နိုင်ငံကလည်း အလားတူ ချမှတ်၍ တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပါသည်။
အမေရိကန်ကုန်စည်များကို အကောက်ခွန်ကောက်ခံပါက အမေရိကန်ကလည်း ထိုသို့ ကောက်ခံသည့် နိုင်ငံ၏ကုန်ပစ္စည်းအပေါ် အလားတူအကောက်ခွန်ကောက်ခံမည်ဟု ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သဖြင့် ယင်းသည် အမေရိကန်နိုင်ငံ၏ ကုန်ပစ္စည်းများကို အကောက်ခွန်တိုးမြှင့် ကောက်ခံလျက်ရှိသည့် အိန္ဒိယနှင့် ဘရာဇီးလ်နိုင်ငံများကို သတိပေးပြောကြားလိုက်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံမှ တင်ပို့သည့် မော်တော်ဆိုင်ကယ်နှင့် စားသုံးကုန်စည်များအပေါ် အကောက်ခွန် (၁၀၀) ရာခိုင်နှုန်းကောက်ခံလျက်ရှိရာ ယင်းသို့ကောက်ခံခြင်းသည့် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် မျှတမှုမရှိကြောင်းနှင့် ဒေါ်နယ်ထရမ့်က အိန္ဒိယသွင်းကုန်များအပေါ် တန်ပြန်အကောက်ခွန်ကောက်ခံပါက နှစ်နိုင်ငံလုံးရှိစားသုံးသူများအတွက် ဈေးနှုန်းများ မြင့်တက်လာ နိုင်ပြီး နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေး တင်းမာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။