ယခုနှစ်အတွင်း မြန်မာနိုင်ငံမှထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချောကို ရုရှားနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။ ပြည်တွင်းမှ ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ကြမ်းကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပေမယ့် လာမယ့်ရာသီချိန်အတွက် ပြည်တွင်းမှထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချောကို ရုရှားနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းထားရာတွင် ကုန်ချောအမျိုးအစားဖြစ်သည့် သော့သီးဈေးကွက်ကို ကမ်းလှမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။
“ရုရှားက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မက္ကဒေးမီးယားထွက်သမျှ ကမ်းလှမ်းထားတာရှိပါတယ်။ လက်ရှိအနေအထားအရ MoU တော့ မထိုးရသေးဘူး။ ရောက်တာနဲ့ အသင့်စားသုံးနိုင်တဲ့ သော့သီး ဈေးကွက်ကို သူတို့က ပိုကြိုက်ပါတယ်။ အဲ့ဒီအတွက် ဈေးနှုန်းတွေဘာတွေ မေးမြန်းတာတွေရှိနေပြီ။ လာမယ့်နှစ်မှာ ကုန်ကြမ်းထက် ကုန်ချောကို တင်ပို့ဖို့များပါတယ်”လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နောင်ချို မက္ကဒေးမီးယားစီမံကိန်းဌာနမှ စီမံကိန်းအဆင့်မြင့် တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင် မီဒီယာနဲ့ အင်တာဗျူးအတွင်း ပြောဆိုထားပါတယ်။
ရုရှားနိုင်ငံသို့ ယင်းမက္ကဒေးမီးယား ကုန်ချောများတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့မယ်လို့လည်း မက္ကဒေးမီးယားစီမံကိန်းဌာနမှ သိရပါတယ်။ အဆိုပါ အသီးဟာ ကင်ဆာကိုကာကွယ်နိုင်သော Antioxident(ဓါတ်တိုးဆန့်ကျင်
ထို့အပြင် Omega 3 ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်လျော်ပြီး ရင်သွေးငယ်များပါဦးနှောက်ဖွံ့ဖြို
မြန်မာနိုင်ငံတွင် မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံနှင့် ရပ်စောက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချို အစရှိတဲ့ ဒေသများအပါအဝင် ဒေသ အနှံ့အပြား၌ တိုးချဲ့ စိုက်ပျိုးလျက်ရှိတယ်လို့လည်း သိရပါတယ်။
Source: Myanmar Future News
Source: https://t.me/htwettoe