International News

အမေရိကန်အစိုးရသည် GlobalWafers နှင့် Silicon Wafers များထုတ်လုပ်ရန် ပဏာမသဘောတူ စာချုပ်ချုပ်ဆိုခဲ့

Last Updated:

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် GlobalWafers Co., Ltd.၏ လက် အောက်ခံ ကုမ္ပဏီများဖြစ်သည့် GlobalWafers America, LLC နှင့် MEMC LLC တို့အား နည်းပညာကဏ္ဍ၌ အရေးပါသည့် Semiconductor wafer ထုတ်လုပ်မှုကိုပံ့ပိုးရန် အမေရိကန်ဒေါ်လာ သန်း (၄၀၀) ပံ့ပိုး ကူညီပေးသွားမည့် ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိရပါသည်။ ကုမ္ပဏီ၏ အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ Wafer ထုတ်လုပ်မှုစက်ရုံသစ်တည်ဆောက်ရန်ဖြစ်ပြီး ယင်းလုပ်ငန်း တည်ဆောက်ရာ၌ ဆောက်လုပ်ရေးလုပ်ငန်း ခွင်အတွက်အလုပ်အကိုင် (၁,၇၀၀) ကျော်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်အတွက် အလုပ် အကိုင်ပေါင်း (၈၈၀) ကျော်ခန့်ထားနိုင်မည်ဖြစ်ကြောင်း၊ Silicon Wafers သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ထုတ်လုပ်မှုစနစ်တစ်ခုလုံးတွင် အရေးအပါ ဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး Chips ထုတ်လုပ်ရာတွင် အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုလည်းဖြစ် ကြောင်း၊ ထို့အပြင် GlobalWafers သည် ကမ္ဘာ့ Silicon Wafers ထုတ်လုပ်သည့်ကုမ္ပဏီ (၅)ခုနက် တစ်ခုဖြစ်ကြောင်း၊ ယခုအဆိုပြုရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးသည့်ရန်ပုံငွေဖြင့် GlobalWafers သည် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်နှင့် မစ်ဆူရီပြည်နယ်များရှိ ၎င်း၏ Silicon Wafers ထုတ်လုပ်သည့် စက်ရုံများကိုတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 (စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News