Local News

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့

Last Updated:

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလ  ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း  ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၁၀၀၀  ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၁၁၂၄ ဒသမ ၁၄၈ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ  ၃  ဒသမ  ၉၃၈  သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၅၂ ဒသမ ၁၃၅ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၅၇ သန်းရရှိသည့်အတွက် ပြည်ပသို့ ပုစွန်တင်ပို့မှုစုစုပေါင်း မက်ထရစ်တန် ၁၁၇၆ ဒသမ ၂၈၃ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၉၅ သန်းရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ  ပုစွန်အပါအဝင်   ငါးစသည့် ရေထွက်ကုန်များကို  တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျပန်နိုင်ငံ  စသည့်နိုင်ငံပေါင်း  ၄၀  ကျော်သို့  တင်ပို့ရောင်းချလျက်ရှိပြီး  ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News