International News

ဗီယက်နမ်နိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများ နောက်ဆုံး ညှိနှိုင်းမှုအပြီးတွင်ကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် စက်သုံးဆီ လက်လီရောင်းချမှု ဈေးနှုန်းများကို ဇူလိုင် ၂၅ ရက်မှ စတင်ကာ လျှော့ချခဲ့ကြောင်း Vietnam Plus အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

E5 RON 92 စက်သုံးဆီ ဈေးနှုန်းမှာတစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၇၄ ကျဆင်းသွားပြီး ဗီယက်နမ်ဒေါင် ၂၁,၉၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ RON 95 ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၂၉၄ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၂၂,၈၈၄ သို့ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

ဒီဇယ်ဆီ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၃၁၀  ကျဆင်းသွားပြီး ဗီယက်နမ်ဒေါင် ၂၀,၁၉၄ ဖြင့် ရောင်းချလျက်ရှိပြီး ရေနံဆီတစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၃၃၈  လျော့ကျသွားကာ ဗီယက်နမ်ဒေါင် ၂၀,၃၂၆ ဖြင့် ရောင်းချလျက်ရှိပါသည်။  

Mazut ဆီ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၇,၁၇၈ VND ဖြင့် ရောင်းချလျက်ရှိပြီး ဗီယက်နမ်ဒေါင် ၁၇၃ လျော့သွားခဲ့ပါသည်။

အဆိုပါညှိနှိုင်းမှုတွင် ဝန်ကြီးဌာနနှစ်ခုသည် စက်သုံးဆီစျေးနှုန်း တည်ငြိမ်ရေးရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam plus

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News