၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်ခန့်ထားမှုသည် တိုးမြင့်လာခဲ့ပြီး စုစုပေါင်းအလုပ်သမားသစ် (၂၃၃,၀၀၀) ဦးရေအထိ ခန့်ထားခဲ့သည်ဟု ၃၀-၁၀-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအလုပ်အကိုင်အစီရင်ခံစာ (ADP National Employment Report) အရသိရှိရပါသည်။ စက်တင်ဘာလအတွင်း အလုပ်အကိုင်အရေအတွက်မှာ (၁၄၃,၀၀၀) သာ ဖန်တီးနိုင်ခဲ့သဖြင့် ယခုလအတွင်း အလုပ်အကိုင်အရေအတွက် တိုးလာခဲ့ကြောင်း၊ ဤသို့တိုးလာခြင်းမှာ ဟာရီကိန်းမုန်တိုင်းများတိုက်ခတ်ခဲ့သည့် ဖလော်ရီဒါနှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်နှင့် အချို့နေရာများတွင် အရေးပေါ်ကယ်ဆယ်ရေး အလုပ်များဖန်တီးပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အလုပ်အကိုင်တိုးတက်မှုသည် ဗဟိုဘဏ်က အတိုးနှုန်းကို (၀.၅) ရာခိုင်နှုန်းလျှော့ချပြီးနောက်ပိုင်း တွင်ဖြစ်သဖြင့် ဗဟိုဘဏ်၏လာမည့်အစည်းအဝေး၌ အတိုးနှုန်းလျှော့ချနိုင်ခြေကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ဝါရှင်တန်