International News

ထိုင်းနိုင်ငံရှိ ပိုင်ဆိုင်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များသည် စင်ကာပူနိုင်ငံက ကျင့်သုံးလျက်ရှိ သည့် အစီအမံများကို လက်ခံကျင့်သုံးသင့်ကြောင်း အိမ်ခြံမြေသတင်းအချက်အလက် စင်တာက တိုက် တွန်းပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ထိုင်းလူမျိုးများ အိမ်ယာပိုင်ဆိုင်မှုကို သေချာစေရန်နှင့် ကွန်ဒိုများ တွင် နိုင်ငံခြား သား ပိုင်ဆိုင်မှုတိုးချဲ့ရာ၌ ပြည်နယ်တစ်ခုတည်း ဖြစ်နေသော်လည်း ဇုန်များသတ်မှတ်၍ ကန့်သတ်ထားသင့်ကြောင်း ပိုင်ဆိုင်မှုသုတေသနလုပ်ငန်းတစ်ခုကို တိုက်တွန်းပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသားများကို အိမ်ယာဝယ်ယူနိုင်စေရေးအတွက် ဦးစားပေးသော စင်ကာပူနိုင်ငံ၏ အစီအမံများကို ထိုင်းနိုင်ငံအစိုးရအနေဖြင့် လက်ခံကျင့်သုံးသင့်ကြောင်း၊ နိုင်ငံ၏မြို့တော်သည် သေး ငယ်သော်လည်း စင်ကာပူနိုင်ငံသားများသည် နိုင်ငံခြားသားများကို ဖိတ်ခေါ်ကြပါကြောင်း၊ အဘယ့် ကြောင့်ဆိုသော် စင်ကာပူအစိုးရတွင် ၎င်း၏ နိုင်ငံသားများအတွက် အိမ်ယာဝယ်ယူနိုင်စေရန် သေချာ စေသည့် မူဝါဒများနှင့် အစီအမံများ ရှိခြင်းကြောင့် ဖြစ်ပါကြောင်း၊ အချို့သော မူဝါဒများနှင့် အစီအမံ များတွင် ပြည်သူ့အိမ်ယာဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရ၏ ထောက်ပံ့ပေးထားသည့် ဈေးနှုန်းဖြင့် ရောင်းချထားသော အိမ်ခန်းများပင် ပါဝင်ပါကြောင်း၊ စင်ကာပူတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ထံမှ ကောက်ယူထည့်ဝင်ထားသည့် Central Provident Fund (CPF) ရှိပါကြောင်း၊ ယင်းဘဏ္ဍာငွေကို အရစ်ကျပေးချေမှုများနှင့် အိမ်ယာချေးငွေပေးသွင်းမှုများအတွက် သုံးစွဲပါကြောင်း အိမ်ခြံမြေသတင်း အချက်အလက်စင်တာ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Vichai Viratkapan က ပြောကြားခဲ့ပါသည်။

စင်ကာပူတွင် အိမ်ယာအထောက်အပံ့များစွာရှိပြီး နိုင်ငံသားမတူညီသော အုပ်စုများ ဝယ်ယူ နိုင်ရေးအတွက် အထောက်အပံ့များလည်း ရှိပါကြောင်း၊ ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံသားများ ၎င်းတို့၏ ပထမဆုံးအိမ်ယာဝယ်ယူနိုင်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးပါကြောင်း၊ မှန်းဆဝယ်ယူခြင်းနှင့် အိမ်ယာများကျန်ရှိနေစေရေးအတွက် စင်ကာပူသည် အိမ်ယာများစွာပိုင်ဆိုင်သူ များနှင့် နိုင်ငံခြားသားများအတွက် တံဆိပ်ခေါင်းခွန်များနှင့် ချေးငွေတန်ဖိုးကန့်သတ်ချက်များကို တင်းကျပ်ခြင်းစသည့် Cooling measures များကို အသုံးပြုပါကြောင်း၊ ထို့ကြောင့် စင်ကာပူနိုင်ငံသား များသည် အိမ်ယာပိုင်ဆိုင်မှုအတွက် စိုးရိမ်မှုမရှိဘဲ ရှည်ကြာစွာ စောင့်ဆိုင်းရမည်ကိုသာ ပူပန်ကြပါ ကြောင်း Mr. Vichai က ဖြည့်စွက်ပြောကြားပါသည်။

နိုင်ငံခြားသားများအား အခန်းများ ဝယ်ယူစေသည်နှင့် နိုင်ငံသား တစ်ခုချင်းစီကိုလည်း ရာခိုင် နှုန်း တစ်ခုသတ်မှတ်ထားပြီး လွှမ်းမိုးမှုကိုပါ ကာကွယ်ထားပါကြောင်း၊ အချို့သော ပိုင်ဆိုင်မှုဆိုင်ရာ သုတေသနပညာရှင်များက ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ထိုင်းနိုင်ငံတွင် အသုံးမဝင်နိုင်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုင်းနိုင်ငံတွင် အိမ်ယာစီမံကိန်း ဖော်ဆောင်နိုင်သည့် မြေနေရာများစွာရှိပြီး နိုင်ငံခြားသားများကို ဖြန့်ကျက်ထားခြင်းဖြင့် အတူတကွ နေထိုင်ရန် မလိုအပ်ကြောင်း၊ ထိုင်းနိုင်ငံသား များ၏ အိမ်ယာဝယ်ယူနိုင်မှုအတွက် ဖြေရှင်းရမည့် ပြဿနာမှာ နိုင်ငံခြားသားပိုင်ဆိုင်မှုကို ၇၅ ရာခိုင် နှုန်းထိ တိုးမည်ဆိုပါကလည်း ဗန်ကောက်၊ ဖူးခက်နှင့် ပတ္တရားအစရှိသည်ဖြင့် ဇုန်သတ်သတ်မှတ်မှတ် ဖြင့် တိုးစေလိုကြောင်း အကြံပြုထားပါသည်။

ကွန်ဒိုစီမံကိန်းများရှိ နိုင်ငံခြားသား ဝယ်ယူသူများထံမှ ကောက်ယူရရှိထားသည့် အခွန်နှင့် အခကြေးငွေများကို အိမ်ယာရန်ပုံငွေတွင် ထားသင့်ပြီး ဝင်ငွေနိမ့်နှင့် အလယ်အလတ်ဝင်ငွေရှိသော ထိုင်းလူမျိုးများအား အိမ်ယာဝယ်ယူမှု၏ ပထမ ၃ နှစ်တွင် အတိုးနှုန်း သုညရာခိုင်နှုန်းဖြင့် ထုတ်ချေး သင့်ပါကြောင်း၊ ပြည်တွင်းဝယ်ယူသူများ၏ ဝယ်ယူမှုကျဆင်းနေချိန်တွင် နိုင်ငံခြားသားများ၏ ဝယ်ယူမှု မြင့်တက်နေသော်လည်း ထိုင်းနိုင်ငံသားများအတွက် ဝယ်ယူနိုင်မှုကို ထည့်သွင်းစဉ်းစားစေလိုကြောင်း Mr. Vichai က ဖြည့်စွက်အကြံပြုထားပါသည်။

ထိုင်းနိုင်ငံရှိ အဓိက ပြည်နယ်များဖြစ်သော ဗန်ကောက်၊ ချွန်ဘူရိ၊ ချင်းမိုင်၊ စမုပရာခန်၊ ဖူးခက်၊ နွန်ထဘူရိ၊ ပရာချွန်ခီရီခန်နှင့် ရယောင်း စသည်တို့တွင် တရုတ်၊ မြန်မာနှင့် ရုရှားအပါအဝင် နိုင်ငံခြား သားများ၏ ကွန်ဒိုဝယ်ယူမှု မြင့်တက်လျက်ရှိသောကြောင့် ထိုင်းနိုင်ငံသားများ၏ အိမ်ယာဝယ်ယူနိုင် မှု အခြေအနေမြင့်တက်လာစေရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်သော အစီအမံများကို ထောက်ပြပြောကြားထားပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News