International News

ထိုင်းနိုင်ငံရှိ ပြပွဲများတွင် အရောင်းမြှင့်တင်နိုင်ရေးရည်ရွယ်ချက်ဖြင့် တင်သွင်းလာသော Classic ကား များ၏ အမျိုးအစားသတ်မှတ်မည့် ညွှန်ကြားချက်အသစ်တစ်ရပ်ကို ပြင်ဆင်ထုတ်ပြန်ရန် ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံရှိ ပြပွဲများတွင် အရောင်းမြှင့်တင်နိုင်ရေးရည်ရွယ်ချက်ဖြင့် တင်သွင်းလာသော Classic ကားများ၏ အမျိုးအစားသတ်မှတ်မည့် ညွှန်ကြားချက်အသစ်တစ်ရပ်ကို ပြင်ဆင်ထုတ်ပြန် နိုင်ရေးအတွက် ပြည်သူများ၏ အကြံပြုချက်များ တောင်းခံရန် ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Vintage ကားများအတွက် အခွန်ကောက်ခံရန်သတ်မှတ်ချက် No. 87.03 အောက်မှ ကိုယ်တိုင် အသုံးပြုရန်ကားအမျိုးအစားနှင့် ယစ်မျိုးခွန်ဦးစီးဌာနက ထိန်းချုပ်ထားသော မော်တော်ဆိုင်ကယ် များနှင့် အခြားသော ယာဉ်အမျိုးအစားများမှလွဲ၍ တားမြစ်ထားသော သို့မဟုတ် ခွင့်ပြုချက်လိုအပ် သည့် အသုံးပြုပြီးသည့် မော်တော်ကားများ တင်သွင်းလာမှုအတွက် ထုတ်ပြန်မည့် ညွှန်ကြားချက် ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်အသစ်သည့် ကားအဟောင်းများ၏ ပြန်လည်ထူထောင်ရေးကိုလည်း တိုးမြှင့်စေရုံသာမက ထိုင်းနိုင်ငံကို ကုန်သွယ်ရေး၊ ပြပွဲများနှင့် ပြုပြင်ထိန်းသိမ်းရေးတွင် ဒေသတွင်း၏ အချက်အချာဖြစ်လာစေမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်နေ့က ချမှတ်ခဲ့သည့် အနုပညာ နှင့် Vintage ကားများဆိုင်ရာ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် လည်း ကိုက်ညီပါကြောင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Ronnarong Phoolpipat က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ထုတ်ကုန်တန်ဖိုးတိုးမြှင့်ခြင်းနှင့် တည်ငြိမ်သော စီးပွားရေးတိုးတက်မှုဖြစ်စေမည့် နိုင်ငံအဆင့်မဟာဗျူဟာပါ အနုပညာနှင့် Vintage များအား မြှင့်တင်မည့်မူဝါဒဆောင်ရွက်ချက်များ နှင့် ကိုက်ညီစေရန် ညွှန်ကြားချက်သစ်တစ်ရပ် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ချက်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News