Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလမှ ဇွန်လ ၃ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၂၉.၈၇၈) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၁၇.၂၉၄) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၄၇.၁၇၂)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၃-၆-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၅,၂၉၆.၀၈၇) တန်၊ တန်ဖိုး (၁.၂၃၅) ဒေါ်လာသန်း၊ ဝဥခြောက် (၁၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၃၃.၆၀၀)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀) တန်၊ (၀.၀၀၂) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၄၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၂၈၅) ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၃-၆-၂၀၂၄) ရက်နေ့တွင် ကျပ် (၁) သိန်းလျှင် (၈၈၉.၉၉၆) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး (၃-၆-၂၀၂၄) ရက်တွင် ဓာတ်ဆီ (၀.၁၂၀) ဒေါ်လာသန်း၊ ဒီဇယ် (၀.၂၂၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၅၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၃၀) ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၀၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၃၂) ဒေါ်လာသန်း  အပါအဝင် (၀.၄၈၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News