Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ဇွန်လ(၂)ရက်နေ့မှ(၃)ရက်ထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇွန်လ (၃) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂.၃၂၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၀၂၄) ဒေါ်လာသန်း၊ စုစုပေါင်း (၃.၃၄၇) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၆၆.၉၃၀%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လ (၃) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲမျိုးစုံ၊ ငရုတ်ခြောက်၊ သရက်ပြားခြောက်၊ မန်ကျည်းသီး(အစေ့ပါ)၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီစေ့၊ ကြက်သွန်နီနှင့် အလူမီနီယံဖြတ်စတို့ တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများ၊ စက်သုံးဆီများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄  ခုနှစ်၊ ဇွန်လ (၂) ရက်မှ (၃) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇) ဒေါ်လာတို့ဖြင့် တန်ချိန် (၅၂၅) တန်၊ တန်ဖိုး (၀.၁၈၂) ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၄၆.၃)တန်၊ တန်ဖိုး (၀.၀၆၉) ဒေါ်လာသန်း၊ ပဲမျိုးစုံ တန်ချိန် (၅၈၉)တန်၊ တန်ဖိုး (၀.၅၀၁) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၂၄.၉) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ကြက်သွန်နီ တန်ချိန် (၂၀၇.၅) တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၁၃၆) ဒေါ်လာသန်း၊ အလူမီနီယံဖြတ်စ တန်ချိန် (၆၆.၈၇) တန်၊ တန်ဖိုး (၀.၁၂၀) ဒေါ်လာသန်းနှင့် မကျည်းသီး(အစေ့ပါ) တန်ချိန် (၁၅.၅) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေးပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ် အထည်များနှင့် စက်သုံးဆီတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၆၁.၂၅၀) တန်၊ တန်ဖိုး (၀.၁၃၇) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၀၃.၀၀၀) တန်၊ တန်ဖိုး (၀.၃၁၃) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၂၁၀.၃၂၀) တန်၊ တန်ဖိုး (၀.၁၇၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှု များကို ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု လွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကိုအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News