International News

ခေတ်မီသောကုန်သွယ်မှုဆိုင်ရာ ညွှန်ကိန်းတွင် ထိုင်းနိုင်ငံသည် အဆင့် ၃၂ နေရာတွင် ရပ်တည်လျက် ရှိ

Last Updated:

Modernisation Index- GTMI) တွင် ထိုင်းနိုင်ငံသည် အဆင့် ၃၂ နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ယခုနှစ်ပထမ ၃ လပတ်အတွင်း နိုင်ငံတကာကုန်သွယ်မှု သည် မျှော်မှန်းထားသည်အောက် လျော့နည်းခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ ဆောင်ရွက်မှုသည် အလယ်အလတ်အဆင့်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အဆင့် ၃၂ ဖြစ်ပြီး ဒေသတွင်းတွင် အဆင့် ၃ ဖြစ်ပါကြောင်း၊ စင်ကာပူသည် ပထမနှင့် မလေးရှားသည် ဒုတိယ ဖြစ်ပါကြောင်း၊ GTMI ကို ဒီဂျစ်တယ်ကုန်သွယ်မှုဆောင်ရွက်နိုင်မှုပေါ် မူတည်၍ အမျိုးအစား ၅ မျိုး ခွဲခြားထားပါကြောင်း၊ စာရွက် စာတမ်းလွတ်ကုန်သွယ်မှု၊ ကုန်သွယ်မှုပွင့်လင်းမြင်သာရှိမှု၊ စည်းမျဉ်းဆိုင်ရာ ပတ်ဝန်းကျင် ကောင်း ရှိမှု၊ စီးပွားရေးအဆင်သင့်မှုနှင့် လူသားအရင်းအနှီးများ ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသည် ဝင်ငွေရရှိရန် နှင့် လုပ်ငန်းလည်ပတ်စရိတ်လျှော့ချခြင်းဖြင့် စက်ရုံများ၏ စွမ်းဆောင်ရည်တိုးမြှင့်ရန်အတွက် ဒီဂျစ် တယ်ဖြင့် ပေးပို့/မှာယူခြင်းဖြင့် ဒီဂျစ်တယ် ကုန်သွယ်ရေးအတွက် ကောင်းစွာပြင်ဆင်ထားပါကြောင်း နိုင်ငံတကာကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ Mr. Montri Mahalerkpong က ပြောကြားခဲ့ပါသည်။

အာဆီယံဒေသတွင်းတွင် စာရွက်စာတမ်းအသုံးပြုမှု လျှော့ချရာ၌ ထိုင်းနိုင်ငံသည် ၂၂.၅ ရာခိုင်နှုန်းဖြင့် တတိယ၊ ကုန်သွယ်ရေးပွင့်လင်မှုတွင် ၇.၁ ရာခိုင်နှုန်းဖြင့် ဆဌမ၊ စီးပွားရေးအဆင်သင့် မှုတွင် ၁၄.၅ ရာခိုင်နှုန်းဖြင့် တတိယ၊ လူသားအရင်းအနှီးတွင် ၆.၁ ရာခိုင်နှုန်းဖြင့် စတုတ္ထ နှင့် စည်း ကမ်းစွမ်းဆောင်ရည်တွင် ၁၆.၁ ရာခိုင်နှုန်းဖြင့် တတိယ စသည့်ဖြင့် အသီးသီးရှိပါကြောင်း၊ ထိုင်းနိုင်ငံ သည် နိုင်ငံတကာကုန်သွယ်ရေး ယှဉ်ပြိုင်နိုင်မှုအတွက် နည်းပညာဝယ်ယူရန် အခွင့်အလမ်းရှိပါ ကြောင်း၊ အောင်မြင်ခဲ့ပါက နိုင်ငံတကာကုန်သွယ်ရေးတွင်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ၏ ဒီဂျစ်တယ်နည်းပညာများ ကျင့်သုံးမှုကို အားပေးသင့်ပါကြောင်း ၎င်းက ဖြည့်စွက် ပြောကြားပါသည်။

နိုင်ငံတကာကုန်သွယ်မှုကို အထောက်အကူပြုရန်အလို့ငှာ အီလက်ထရောနစ်ဥပဒေ၊ National Single Windows နှင့် e-Phyto သက်သေခံစနစ်များကိုပါအတူတကွအသုံးပြုရန် ဖြစ်ကြောင်း၊ ယင်း အစီအမံများသည် ကုန်သွယ်မှုကို ချောမွေ့စေရုံသာမက ကမ္ဘာ့စံနှုန်းများကို ပြည့်မီနိုင်ပြီး ပွင့်လင်း မြင်သာမှုလည်း တိုးတက်လာနိုင်ကြောင်း၊ စင်ကာပူသည် GTMI တွင် ပထမအဆင့်ဖြစ်ပြီး နယ်သာ လန်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဖင်လန်၊ ဆွီဒင်၊ ယူကေ၊ ဆွစ်ဇာလန်၊ အမေရိကန်နှင့် ထိုင်ဝမ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။ 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News