International News

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုအကြာ သိုလှောင်သိမ်းဆည်းထားသော ဆန်ဟောင်းများအား ဓာတ်ခွဲ စမ်းသပ်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုအကြာ သိုလှောင်သိမ်းဆည်းထားသော ဆန်ဟောင်းများသည် စားသောက်ရန် လုံခြုံမှုရှိကြောင်း သက်သေပြနိုင်ရေးအတွက် ဆန်နမူနာများကို ဓာတ်ခွဲစမ်းသပ်သွား မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြားလိုက်ပါသည်။

ယခင်ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာ အစိုးရလက်ထက်က စူရင် (Surin)  ရှိ သိုလှောင်ရုံများတွင် သိမ်းဆည်းထားခဲ့သည့် ဆန်များကို စိတ်ချယုံကြည်ရသည့် အေဂျင်စီမှ ဓာတ်ခွဲစမ်းသပ်သွားမည် ဖြစ်ပါကြောင်း၊ ဆန်များသည် စားသုံးရန်အတွက် စိတ်ချရသည့် အရည် အသွေးရှိကြောင်းကို လွတ်လပ်သော အဖွဲ့အစည်းတစ်ခုခုက သက်သေပြသပေးရန် အစိုးရကို တောင်းဆိုလာချက်များအရ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai ဦးဆောင်သည့် အဖွဲ့က စူရင်သို့လာရောက် သည့် ခရီးစဉ်တွင် ထမင်းစားသုံးသည့် သရုပ်ပြပွဲကို စူရင်ရှိ ဆန်သိုလှောင်ရုံတွင် ပြသခဲ့ပြီးနောက် ဝန်ကြီးချုပ်ကလည်း အစိုးရအိမ်တော်တွင် ထပ်မံပြသခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် စားသုံးသူများ အတွက် လုံခြုံစိတ်ချရမှုသည် အရေးကြီးသဖြင့် ဆန်များသည် စားသုံးရန် မသင့်လျော်ကြောင်း သက် သေပြချက်ရရှိပါက ရောင်းချသွားမည်မဟုတ်သည်ကို ခိုင်ခိုင်မာမာရပ်တည်ပြောဆိုပါကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Mr. Phumtham ၏ ဆန်ဟောင်းများကို အာဖရိကသို့ တင်ပို့ရောင်းချသွားမည့် အစီရင်ခံစာအရ အများစုက အစိုးရအနေဖြင့် အရက် သို့မဟုတ် ရှာလကာရှည် ထုတ်လုပ်ရာတွင် အသုံးပြုပါက ပိုမို ကောင်းမွန်သည်ဟု ထောက်ပြကြပါကြောင်း၊ Kasetsart တက္ကသိုလ် ဓာတုဗေဒ နည်းပြအပါအဝင် အများစုက ဆန်များသည် စားသုံးရန်နှင့် ရောင်းချရန် မသင့်လျော်ကြောင်း လူမှုကွန်ယက်ပေါ်၌ တင်ပြ ထားချက်များသည် မှားယွင်းနေသည်ကို ထောက်ပြလိုခြင်းကြောင့် ဆေးဝါးသိပ္ပံဦးစီးဌာနက စစ်ဆေး မှုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။  

စူရင်ရှိ ဆန်သိုလှောင်ရုံမှ ယူဆောင်ခဲ့သည့် ဆန်နမူနာများကို ကနဦးစစ်ဆေးချက်အရ Aflatoxins တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အဆိပ်သည် စိုက်ပျိုးရေးသီးနှံများတွင် တွေ့ရလေ့ရှိပြီး အသည်း ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ရှိပါကြောင်း၊ ဆန်များအား ဓာတုစမ်းသပ်မှုကို ဓာတ်ခွဲခန်းတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း ယင်လတ်အစိုးရ၏ ဆန် Pledging Scheme နှင့်စပ်လျဉ်း၍ ဆန်များသည် စားသုံးရန်မသင့်လျော်ကြောင်း သိပ္ပံနည်းကျကျလုံလောက်သည့် သက် သေပြချက်မရှိဘဲ ပြောဆိုနေပါက ဆန်များကို ဈေးနှုန်းပျက်စေလိုသည်ဟု ပြည်သူများတွင် အမြင်မှား သွားစေနိုင်သဖြင့် Aflatoxins တွေ့ရှိထားသည့် အစိုးရဆန်များကို စစ်ဆေးပြီးချိန်တွင် အသေးစိတ်ကို ထုတ်ဖော်ပြောကြားပေးရန် ဓာတုဗေဒပညာရှင်များကို တိုက်တွန်းလိုပါကြောင်း၊ Aflatoxins ပါဝင်မှု အဆင့်သည် ၁ ဘီလီယံလျှင် ၂၀ အစိတ်အပိုင်းထက်မကျော်လွန်ပါက စားသုံး၍ ရနိုင်ပါကြောင်း  လူသိများပြီး အော်ဂဲန်းနစ်ဓာတုဗေဒကျွမ်းကျင်ပညာရှင်ဖြစ်သော တွဲဖက်ပါမောက္ခ Weerachai Phutdha-wong က သုံးသပ်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ယင်လတ်အစိုးရလက်ထက်က သိုလှောင်ထားခဲ့သည့် ဆန် များသည် စားသုံး၍ ရနိုင်သေးသည့် အရည်အသွေးရှိသဖြင့် အာဖရိကနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည်ဟု ထုတ်ဖော်ပြောကြားချက်များအရ အဆိုပါ ဆန်များတွင် Aflatoxins ပါဝင်ခြင်း ရှိ-မရှိ စစ်ဆေးသွားမည့် အစီအစဉ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News