International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ သစ်သီးဈေးနှုန်းသည် တည်ငြိမ်၍ ဈေးနှုန်းအမြင့် ရရှိသဖြင့် သစ်သီး များ၏ ရွှေရောင်လွှမ်းသော နှစ်ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံသည် ပြည်တွင်းစားသုံးမှုကို လှုံ့ဆော်ရန်နှင့် တောင်သူများ၏ အရင်းအနှီးရရှိစေရန် ရည်ရွယ်၍ အမေရိကန်၊ ဥ‌ရောပနှင့် ကနေဒါကဲ့သို့သော ဈေးကွက်သစ်များသို့ သစ်သီးများတင်ပို့နိုင် ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ပြောကြားချက်အရ သိရှိရ ပါသည်။

ယခုနှစ် သစ်သီးဈေးနှုန်းသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တည်ငြိမ်၍ အမြင့်ရရှိသဖြင့် ရွှေရောင် လွှမ်းသော နှစ်တစ်နှစ်ဖြစ်ကြောင်း၊ အယ်လ်နီညို ရာသီဥတုကြောင့် စိုက်ပျိုးချိန်နောက်ကျခဲ့သော် လည်း သစ်သီးထုတ်လုပ်မှုသည် ၃ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး တန်ချိန် ၆.၇၅ သန်း ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးတက်မှုအနေဖြင့် ဒူးရင်းသီး ၃ ရာခိုင်နှုန်း၊ မင်းဂွတ်သီး ၁၉၅ ရာခိုင်နှုန်း၊ ကြက်မောက် သီး ၅ ရာခိုင်နှုန်းနှင့် နာနတ်သီး ၁၀ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သစ်သီးစီမံခန့်ခွဲမှု အစီအမံများမှတစ်ဆင့် ထုတ်လုပ်မှုနှင့် ဖြန်ချိရေးတို့တွင် စောင့်ကြည့်လျက်ရှိကြောင်း၊ ယင်းအစီအမံများမှာ စတိုးဆိုင်များ၊ လက်လီ/လက်ကားအရောင်းဆိုင် များနှင့် ဓာတ်ငွေ့အရောင်းဆိုင်များနှင့်ပူးပေါင်း၍ သစ်သီးများဝယ်ယူရန် စာချုပ်ချုပ်ဆိုခြင်းနှင့် Thong Fah (Blue Flag) ရွေ့လျားအဖွဲ့များ၊ ကျေးရွာများနှင့် ကွန်ဒိုမီနီယံများအပါအဝင် ဖြန့်ချိရေးလမ်း ကြောင်းများ တိုးချဲ့ခြင်းတို့ဖြစ်ကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Sur-iam က ပြောကြားခဲ့ပါသည်။

ထို့ပြင် သစ်သီးပို့ကုန်များ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် နယ်စပ်စစ်ဆေးဂိတ်များတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဈေးနှုန်းသည်လည်း ယခင်နှစ် ကထက် ပိုမိုမြင့်မားစွာ ရရှိခဲ့ပါကြောင်း၊ A အဆင့်နှင့် B အဆင့် ဒူးရင်းသီး ၁ ကီလိုဂရမ်လျှင် ယခင် ဘတ် ၁၂၀ မှ ယခု ၁၇၇.၅၀ ဘတ်မှ ၁၉၅ ဘတ်အကြား၊ မင်းဂွတ်သီး ၁ ကီလိုဂရမ်လျှင် ယခင် ၇၃ ဘတ်မှ ယခု ၁၁၉ ဘတ်နှင့် လေချူသီး ၁ ကီလိုဂရမ်လျှင် ယခင် ၃၂ ဘတ်မှ ယခု ၄၃.၅ ဘတ်မှ ၄၅ ဘတ် အထိ ရရှိခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း လတ်ဆတ်လေချူသီး (အစေ့မပါ) များကို မကြာသေးမီ က ဖွင့်လှစ်ခဲ့သည့် အင်ဒိုနီးရှားနှင့် အိန္ဒိယတို့ပြီးနောက် အမေရိကန်၊ ဥ‌ရောပ၊ ကနေဒါနှင့် အဓိက ပို့ကုန်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရန် လျာထားကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့် စွက်ပြောကြားခဲ့သည်။

ပြည်တွင်းစားသုံးမှု လှုံ့ဆော်ရန်အတွက် ဧပြီလက ထိုင်းသစ်သီးပွဲတော် ၂၀၂၄ ကို ကျင်းပခဲ့ပါ ကြောင်း၊ လတ်ဆတ်နှင့် ပြုပြင်ပြီး သစ်သီး အမျိုးအစား ၇၅ မျိုးကို ပြသခဲ့ပြီး တောင်သူများ၏ ထုတ် ကုန်များ ဖြန့်ချိရေးကို အထောက်အကူပြုရန်နှင့် ထိုင်းသစ်သီး၏ Soft Power ကို ပြသရန်ဖြစ်ပါ ကြောင်း၊ သစ်သီးပွဲတော်သည် အစီအမံ ၆ ခုနှင့် အစီအစဉ် ၂၅ ခုပါဝင်သော အစိုးရ၏ သစ်သီးစီမံခန့်ခွဲမှု မူဝါဒများနှင့် ကိုက်ညီပါကြောင်း၊ ယခုနှစ် သစ်သီး ထုတ်လုပ်မှုသည် တန်ချိန် ၆.၇၆ သန်းထွက်ရှိရန် ခန့်မှန်းထားပြီး ပြည်တွင်းသုံးမှုအတွက် တန်ချိန် ၁.၇၆ သန်းနှင့် ပြည်ပတင်ပို့မှုအတွက် တန်ချိန် ၅ သန်းဖြစ်ကြောင်း သိရှိရပါသည်။

ပို့ကုန်အမယ်များ၏ ပို့ကုန်တိုးတက်နိုင်ရန်မှာ ရှိပြီးဈေးကွက်များ မပျောက်ပျက်ရန်၊ ဈေးကွက် သစ်များ ရှာဖွေရန်၊ ကုန်ပစ္စည်း အမယ်များ၏ ထုတ်လုပ်မှု အရေအတွက်ကို စီမံခန့်ခွဲ၍ အရည်အသွေး ကို ထိန်းထားနိုင်ရေး အစီအမံများ ဆောင်ရွက်ခြင်း၊ ပို့ကုန်များ၏ တင်ပို့မှုဆိုင်ရာများတွင် လွယ်ကူ ချောမွေ့စေရေးတို့သည် အရေးကြီးသည့် အချက်များဖြစ်ရာ မူဝါဒပိုင်းဆိုင်ရာများနှင့် မြေပြင်ဆိုင်ရာ အခြေအနေများကို ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာန အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း များ ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News