International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ အသင့်သောက်ကော်ဖီဈေးကွက်တွင် ၅ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင် မည်ဟု ခန့်မှန်းထား

Last Updated:

ယခုနှစ်အတွင်း Nescafe Thailand က တံဆိပ်ကြော်ငြာရန်အတွက် ဘတ် ၆၂၀ သန်း သုံးစွဲရန် လျာထားသောကြောင့် ထိုင်းနိုင်ငံ၏ အသင့်သောက်ကော်ဖီဈေးကွက်သည် ၅ ရာခိုင်နှုန်း တိုးတက်မှုရှိ လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၃ လပတ်အတွင်း နိုင်ငံ၏ အသင့်သောက်ကော်ဖီဈေးကွက်သည် ဘတ် ၅.၇ သန်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံတွင် လူတစ်ဦး သည် ၁ နှစ်လျှင် ကော်ဖီ အခွက်ရေ ၃၄၀ ခန့် သောက်သုံးလေ့ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ အသင့်သောက် ကော်ဖီဈေးကွက်ခွဲဝေမှုတွင် ၅၀ ရာခိုင်နှုန်းကို Nescafe က ပိုင်ဆိုင်ထားပါကြောင်း၊ သုံးစွဲသူများ၏ နေထိုင်မှုပုံစံပြောင်းလဲလာမှုကြောင့် ထိုင်းအသင့်သောက်ကော်ဖီဈေးကွက်သည် ကြီးထွားလာသော် လည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ကျဆင်း လျက်ရှိကြောင်း Nestle (Thai) Ltd ၏ အကြီးတန်းအရာရှိ Mr. Jojo Dela Cruz က သုံးသပ်ပြောကြား ခဲ့သည်။

ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေးအရ တွက်ခြေကိုက်သည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးလာ သောကြောင့် ထိုင်းနိုင်ငံတွင် ကော်ဖီထောက်ပံ့မှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီထောက်ပံ့နိုင်မှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ ကုမ္ပဏီအနေဖြင့် Nescafe Plan 2030 အောက်မှ စိုက်ပျိုးရေးဆိုင်ရာမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ကော်ဖီကဏ္ဍအတွက် ရေရှည်တည်တံ့ သော အနာဂတ် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊  အစီအစဉ်အရ ရာသီဥတုပြောင်းလဲမှု အန္တရာယ်ကို လျော့ပါးစေရန်နှင့် တောင်သူများ၏ ဝင်ငွေတိုးတက်စေရန်အတွက် ထွက်နှုန်းမြင့် ကော်ဖီအပင်ပေါက် များကို သင်တန်းများနှင့် နည်းပညာ အကူအညီများပေး၍ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် တောင်သူများထံမှ ကော်ဖီစေ့များကို ကမ္ဘာ့ကော်ဖီဈေးနှုန်းပေါ် အခြေခံ၍ ဝယ်ယူသွား မည်ဟု ကတိပြုထားပါကြောင်း၊ ထိုင်းနိုင်ငံ၏ ကော်ဖီအေးသောက်သုံးမှုသည် စုစုပေါင်း ကော်ဖီ သောက်သုံးမှု၏ ၄၇ ရာခိုင်နှုန်းရှိသဖြင့် ဒုတိယနှစ်ဝက်အတွင်း ကော်ဖီအေးနယ်ပယ်ကို ဦးစားပေးသည့် ထုတ်ကုန်အသစ်တစ်ခု ကြေညာသွားရန်ရှိကြောင်းသိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News