International News

၂၀၂၄ ခုနှစ်၊ ပထမ ၅ လအတွင်း ထိုင်းနိုင်ငံ၌ သံမဏိရောင်းအား ၆.၉ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

ဈေးပေါသော တရုတ်သွင်းကုန်များ၏ ဖိအားများအကြား ဆောက်လုပ်ရေး စီမံကိန်းများတွင် သုံးစွဲမှုကျဆင်းလာသောကြောင့် ယခုနှစ် ပထမ ၅ လအတွင်း ထိုင်းနိုင်ငံ၏ သံမဏိစက်မှုနယ်ပယ်တွင် ရောင်းအားနှေးကွေးလျက်ရှိကြောင်း အိန္ဒိယ၏ အကြီးဆုံးသံမဏိထုတ်လုပ်သူ Tata Steel (Thailand) Pls (TSTH) က ပြောကြားခဲ့ပါသည်။

သံမဏိအရှည်ဝယ်ယူမှုသည် တန်ချိန် ၂.၄၇ သန်း ရှိပြီး ၈.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း သံမဏိဝယ်ယူသုံးစွဲမှုသည် တန်ချိန် ၁၆.၃ သန်းတွင် ရပ်တန့်နေနိုင် ကြောင်း၊ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေခွဲဝေမှု နှောင့်နှေးမှုကြောင့် ဆောက်လုပ်ရေး ကဏ္ဍတွင် နှေးကွေး ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တတိယ ၃ လပတ်တွင် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများတွင် အစိုးရ၏ အသုံးစရိတ် တိုးမြင့်လာမည်ဟု မျှော်လင့်ရပါကြောင်း၊ သို့သော် အာဆီယံ ဈေးကွက်အတွင်းရှိ တန်ဖိုးနည်းသံမဏိများနှင့် ခက်ခဲစွာ ယှဉ်ပြိုင်နေရသောကြောင့် သံမဏိဈေးကွက် တိုးတက်ရာ၌ ကုမ္ပဏီအနေဖြင့် လုံးလုံးလျားလျား အစားထိုးနိုင်မည်ဟု မဆိုလိုပါကြောင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr. Tarum Kuma Daga က သုံးသပ်ပြောကြားခဲ့သည်။

ယခုနှစ် ပထမ ၅ လအတွင်း တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများသို့ သံမဏိ တန်ချိန် ၄၅.၅ သန်း၊ ၂၀.၃ ရာခိုင်နှုန်း တိုးမြှင့် တင်ပို့ခဲ့ပါကြောင်း၊ တရုတ်ကုမ္ပဏီများက ထိုင်းနိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့ ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဇန်နဝါရီလမှ မေလအထိ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ သံမဏိဝါယာချောင်း တန်ချိန် ၅၆၆,၀၀၀ တန် တင်သွင်းခဲ့ပါကြောင်း၊ TSTH အနေဖြင့် ထိုင်းနိုင်ငံ အတွင်းရှိ ရောင်းအားကျဆင်းမှုကို ခုနှိမ်နိုင်ရန်အတွက် ဈေးကွက်သစ်များသို့ တင်ပို့နိုင်ရေး အာရုံစိုက် လျက်ရှိပါကြောင်း၊ သံမဏိပို့ကုန်ကဏ္ဍသည် ကောင်းမွန်နေဆဲဖြစ်ပြီး ကုမ္ပဏီ၏ ဝင်ငွေကို မြှင့်တင်ပေး နိုင်မည်ဟု မျှော်လင့်ပါကြောင်း Mr. Tarum က ဖြည့်စွက်ပြောကြားခဲ့သည်။

TSTH သည် ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း လုပ်ငန်းလည်ပတ်မှု ရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ ပြီး ဝင်ငွေသည် ဘတ် ၆.၈၃ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၁၀ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သဖြင့် အမြတ် ဘတ် ၉၃ သန်း ရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News