International News

ဂျပန်နိုင်ငံအနေဖြင့် ကုန်စည် ၁၆၄ မျိုးအား ရုရှားနိုင်ငံသို့ တင်ပို့ခွင့်ပိတ်ပင်ခဲ့

Last Updated:

Lithium-ion ဘက်ထရီများ၊ သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရာတွင်အသုံးပြုသည့်ပိုက်များ၊ မော်တော်ယာဉ်သုံး အင်ဂျင်ဆီများအပါအဝင် စက်မှုထုတ်ကုန် ၁၆၄ မျိုးကို ရုရှားနိုင်ငံသို့ တင်ပို့ခွင့်ပိတ်ပင်သည့် စာရင်းတွင် ၅-၄- ၂၀၂၄ ရက်နေ့၌ ထပ်မံ၍ ထည့်သွင်းခဲ့ပါသည်။

အဆိုပါသတင်းတွင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအနေဖြင့် Nitrocellulose ၊ သစ်လုပ်ငန်းသုံးစက်ကိရိယာများ၊ အပူချိန်ထိန်းကိရိယာများအပါအဝင် ကုန်စည် ၁၆၄ မျိုးကို ပို့ကုန်ထိန်းချုပ်သည့် စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ကြောင်းနှင့် အဆိုပါထိန်းချုပ်မှုသည် ဧပြီလ ၁၇ ရက်နေ့မှစတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။  

စက်မှုလုပ်ငန်းသုံးမဟုတ်သည့် ရုရှားစိန်များတင်သွင်းမှုကိုလည်း ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှ စတင်၍  တင်သွင်းမှုပိတ်ပင်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။ G-7 အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့မှုအပြီးတွင် ရုရှားစိန်များ G-7 အဖွဲ့ဝင်နိုင်ငံများသို့ တင်သွင်းမှုပိတ်ပင်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Asahi Shimbun (၅-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News