International News

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Anutin Charnvirakul နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun တို့သည် ဆန်တန်ချိန် ၅၀၀,၀၀၀ တင်ပို့ရန် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့် တွေ့ဆုံဆွေးနွေးခဲ့

Last Updated:

တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်အတွင်း ဆန်တန်ချိန် ၅၀၀,၀၀၀ တင်ပို့ရန် ရည်မှန်းထားပြီး ဖေဖော်ဝါရီလတွင် ဆန်တန်ချိန် ၄၀,၀၀၀ တင်ပို့မှု အရှိန်မြှင့်တင်ရန်အတွက် ဝန်ကြီးချုပ် Anutin Charnvirakul၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun နှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianwei တို့ တရုတ်သံရုံးကတည်ခင်းဧည့်ခံသည့်ညစာစားပွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ထိုင်းဆန်တင်သွင်းမှုကို စဉ်ဆက်မပြတ်ပံ့ပိုးကူညီမှုနှင့် ထိုင်းခရီးသွားလုပ်ငန်းကိုမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍ မှပါဝင်ခဲ့ရာ ထိုင်းနိုင်ငံသို့ နေ့စဉ်ပျမ်းမျှ တရုတ်ခရီးသွား ၃ သောင်းခန့်လာရောက်မှုရှိကြောင်း၊ ယင်းသည် နှစ်နိုင်ငံကြား ခိုင်မာသော ယုံကြည်မှုနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးကို ထင်ဟပ်စေပါကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် တန်ချိန် ၅၀၀၀၀၀ တန် ပူးပေါင်းဆောင်ရွက်မှုမူဘောင်ဖြင့် တရုတ်နိုင်ငံသို့ ထိုင်းဆန်တင်ပို့မှုတိုးတက်မှုကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း၊ တန်ချိန် ၄၀၀၀၀ ပါ၀င်သော ပထမဆုံးသင်္ဘောကို ဖေဖော်ဝါရီလကုန်တွင် တင်ပို့ရန်စီစဉ်ထားကြောင်း၊ ၂၀၂၆ ခုနှစ်တွင် လျာထားချက်ပြည့်မီရန် နောက်ထပ်အမိန့်စာများအရှိန်မြှင့်တင်ရန် ရည်ရွယ်ချက်ကို တရုတ်ဘက်မှ ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုင်းပို့ကုန်များအတွက် အဓိကစျေးကွက်ဖြစ်ရန် ၎င်းတို့၏ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း၊ ထို့အပြင် နှစ်ဖက်လုံးမှ စီးပွားရေးလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ ဥပဒေပြင်ပတွင် လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ထိန်းညှိရန် အရေးကြီးကြောင်းကို ၎င်းတို့က သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ယင်းကဲ့သို့လုပ်ဆောင်မှုများကို ထောက်ခံခြင်းမရှိကြောင်း ကတိပြုခဲ့ပြီး ဥပဒေကို သင့်လျော်စွာ စီမံခန့်ခွဲရန်နှင့်ပြဋ္ဌာန်းရန် ထိုင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း၊ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းတွင် ဘတ်ငွေ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုများချဲ့ထွင်ရန် ထိပ်တန်းတရုတ်ကုမ္ပဏီများ၏ စီမံချက်များနှင့်အတူ နည်းပညာမြင့်စက်မှုလုပ်ငန်း အထူးသဖြင့် စက်ရုပ်များဖွံ့ဖြိုးတိုးတက်ရေးအပေါ် ၎င်းတို့၏အာရုံစိုက်မှုကို အလေးပေးဖော်ပြခဲ့ကြောင်း၊ တရုတ်ဘက်မှ စံချိန်မမီသောထုတ်ကုန်များကို ဆန့်ကျင်သည့် အစိုးရ၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သွင်းကုန်စည်းမျဉ်းများ ခိုင်မာစေရန် အတွက် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

အထူးသဖြင့် ဒေသတွင်းစီးပွားရေးချိတ်ဆက်မှုတိုးမြှင့်ပေးမည့် မဟာ ဗျူဟာစီမံချက်ဖြစ်သော မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း၏ အခြေခံအဆောက်အအုံပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း အလေး ပေးပြောကြားခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် ဤနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန် အဆင်သင့်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်ကိုယ်စားလှယ်များက ထိုင်းဝန်ကြီးချုပ်အား အချိန်တိုအတွင်း ထူးထူးခြားခြားအောင်မြင်မှုများ၊ ၎င်း၏ ရိုးသားမှု၊ တာဝန်များကို ကတိကဝတ်ပြုမှုတို့ကို ဂုဏ်ပြုပြောကြားခဲ့ပြီး ထိုင်း-တရုတ်ဆက်ဆံရေးကို ကဏ္ဍပေါင်းစုံတွင် ခိုင်မာအားကောင်းစေရေး ကတိကဝတ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံသည် လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်ရေးပဋိပက္ခအတွင်း ထိုင်းပို့ကုန်များအတွက် အရေးပါသော ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေရန် အဆင်သင့်ဖြစ်နေ သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.nationthailand.com/news/general/40063016

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News