International News

ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်ကာလတွင် ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်ကာလအတွက် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ကနဦးထုတ်ပြန်ချက်နှင့်နှိုင်းယှဉ်ပါက ပိုမိုကျဆင်းခဲ့ပါသည်။ အဆိုပါသတင်းတွင် ထိုသို့ပထမ ၃ လ ပတ်ကာလတွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ကျဆင်းခဲ့ခြင်းကြောင့် ဇူလိုင်လကုန်တွင် ဂျပန်ဗဟိုဘဏ်မှထုတ်ပြန်မည့် ဒုတိယ ၃ လပတ်ကာလအတွက် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာလည်း ကျဆင်းနိုင်ပြီး၊ အတိုးနှုန်းလည်း တိုးမြှင့်နိုင်ကြောင်း  ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၁.၈ ရာခိုင်နှုန်းကျဆင်းနိုင်သည်ဟု ကနဦးထုတ်ပြန်ခဲ့ပြီး၊ ယခုအခါ ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိတွင် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၄ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း အမှန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၁ ရာခိုင်နှုန်းသာတိုးတက်ခဲ့ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ ထို့အတူ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၃.၇ ရာခိုင်နှုန်းကျဆင်းနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia (၁-၇-၂၀၂၄)  

Category: International News