International News

စားအုန်းဆီပြည်တွင်းရောင်းချမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပြန်လည်ပြင်ဆင်မည့် အင်ဒိုနီးရှားနိုင်ငံ

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနက စားအုန်းဆီပြည်တွင်းရောင်းချမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်မည်ဟုပြောကြားခဲ့ကြောင်းအင်ဒိုနီးရှားစားအုန်းဆီအသင်း(Indonesian Palm Oil Association) က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါပြင်ဆင်မှုသည် ပြည်တွင်းဈေးကွက်တွင်ရောင်းချမည့် စားအုန်းဆီအမျိုးအစားနှင့် ဈေးနှုန်းတို့တွင် ပြောင်းလဲမှုများရှိလာနိုင်မည်ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၏ညွှန်ကြားရေးမှူးဖြစ်သူ Bambang Wisnubroto က ပြင်ဆင်ချက်ကို တစ်ပတ်အတွင်းထုတ်ပြန်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ပြည်တွင်းဈေးကွက်လုပ်ထုံး လုပ်နည်းအစီအစဉ်(Domestic Market Obligation -DMO)အရ ကုမ္ပဏီများအနေဖြင့် စားအုန်းဆီပြည်ပသို့တင်ပို့နိုင်မည့်ပမာဏမှာ ပြည်တွင်း၌ ရောင်းချသည့်ပမာဏ၏ ၄ ဆဖြစ်ပါသည်။ စားအုန်းဆီထုတ်လုပ်သူများအနေဖြင့် ပြည်ပသို့တင်ပို့ခွင့်ပါမစ်ရရှိရန်အတွက် ပြည်တွင်းဈေးကွက်တွင် သတ်မှတ်ထားသည့်ဈေးနှုန်းဖြင့် စားအုန်းဆီကို ရောင်းချရပါသည်။ အစိုးရက ပြည်တွင်းဈေးကွက်တွင် ပြည်သူများတတ်နိုင်သည့် ဈေးနှုန်းဖြင့် စားအုန်းဆီရရှိနိုင်မှုကိုအာမခံသည့် နည်းလမ်းတစ်ခုအနေဖြင့် DMO ကို အသုံးပြုခြင်းဖြစ်ပါသည်။

ရင်းမြစ်။        အင်ဒိုနီးရှားစားအုန်းဆီအသင်း (Indonesian Palm Oil Association)

(သွယ်သွယ်ဆုတင်၊ စီးပွားသံမှူး၊ စင်ကာပူမြို့)

Category: International News