International News

ထိုင်းနိုင်ငံ၌ အစားအစာဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းကြောင့် ဖေဖော်ဝါရီလအတွင်း ငွေကြေးဖောင်းပွမှုကို ၁.၀၈ ရာခိုင်နှုန်းသို့ ရောက်ရှိစေခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ လတ်ဆတ်သစ်သီးများ၊ အသင့်စားအစားအသောက်များနှင့် ယမကာမဟုတ်သောဖျော်ရည်များ၏ ဈေးနှုန်းများမြင့်တက်လာခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလအတွင်း Head inflation သည် ၁.၀၈ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ပါသည်။

ဖေဖော်ဝါရီလအတွက် စားသုံးသူဈေးနှုန်းညွှန်းကိန်းသည် ၁၀၀.၅၅ ဖြစ်ခဲ့ကြောင်း၊ အစားအစာနှင့် ယမကာမဟုတ်သောဖျော်ရည်များ၏ စားသုံးသူဈေးနှုန်းညွှန်းကိန်းသည် ၀.၀၈ ရာခိုင်နှုန်းကျဆင်းခဲ့သဖြင့် စားသုံးသူဈေးနှုန်းညွှန်းကိန်းသည် တစ်လထက်တစ်လ ၀.၀၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အစားအစာနှင့် ယမကာမဟုတ်သောဖျော်ရည်များ၏ စားသုံးသူဈေးနှုန်းညွှန်းကိန်းသည် တစ်နှစ်ထက်တစ်နှစ် ၂.၀၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အထူးသဖြင့် လတ်ဆတ်အသီးများ၊ အသင့်စားအစား အစာများ၊ ယမကာမဟုတ်သော ဖျော်ရည်များ၊ ဂျုံအခြေခံထုတ်ကုန်များ၊ ဥနှင့် နို့ထွက်ပစ္စည်းများဖြစ်ကြောင်း၊ အစားအစာနှင့်ယမကာမဟုတ်သော ဖျော်ရည်များ၏ ဈေးနှုန်းများသည် တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာရခြင်းမှာ လောင်စာ၊ လျှပ်စစ်ဓာတ်အား၊ အိမ်ယာငှားရမ်းမှုနှင့် နိုင်ငံတကာလေကြောင်းဈေးနှုန်းများ မြင့်မား သောကြောင့်ဖြစ်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့်မဟာဗျူဟာရုံးညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့သည်။

လတ်ဆတ်အစားအစာနှင့် စွမ်းအင်ဈေးနှုန်းတွင်မပါဝင်သော Core Inflation သည် ဖေဖော်ဝါရီလအတွင်း ၀.၉၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ မတ်လအတွင်း ငွေကြေးဖောင်းပွမှုသည် ဖေဖော်ဝါရီလအတိုင်းဖြစ်နိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုကိုဖြစ်စေမည့်အချက် ၃ ချက်မှာ ဒီဇယ်သတ်မှတ်ဈေးနှုန်း ၁ လီတာလျှင် ၃၃ ဘတ်၊ ခရီးသွားလုပ်ငန်းကောင်းမွန်နေမှုကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်ဆက်စပ်သော ဈေးနှုန်းများမြင့်တက်စေပြီး အထူးသဖြင့် လေယာဉ်ခများနှင့် ကော်ဖီ၊ ဆီအုန်းနှင့် အုန်းသီးစသည့် ကုန်ကြမ်းများ၏ဈေးနှုန်းများ မြင့်တက်နေခြင်းတို့ဖြစ်ကြောင်း၊ ပထမ ၃ လပတ်အတွင်း ငွေကြေးဖောင်းပွမှုကို ၁.၁ ရာခိုင်နှုန်းမှ ၁.၂ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ခန့်မှန်းထားပြီး အစိုးရ၏နေထိုင်မှုကုန်ကျစရိတ်လျှော့ချမည့် လုပ်ငန်းစဉ်များ၏ အချို့ထုတ်ကုန်များ၏ဈေးနှုန်းများ ကျဆင်းလာနိုင်သဖြင့် ဒုတိယ ၃ လပတ်တွင် ငွေကြေးဖောင်းပွမှုသည် ၀.၅ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ကြောင်း Mr. Poonpong က ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့ဈေးကွက်အတွင်း ဒူဘိုင်းရေနံစိမ်းဈေးနှုန်းကျဆင်းမှုသည် နိုင်ငံတွင်း ဂက်စ်ဆိုဟောဈေးနှုန်းများကို ကျဆင်းစေနိုင်သည့်အချက်အချို့ကလည်း ငွေကြေး ဖောင်းပွမှုကို ကျဆင်းစေနိုင်ပါကြောင်း၊ အစိုးရအနေဖြင့် နေထိုင်မှုကုန်ကျစရိတ်ကို သက်သာစေမည့် အစီအမံများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ရပါကြောင်း၊ ရာသီဥတုအခြေအနေကောင်းမွန်လာမှုကြောင့် လတ်ဆတ်ဟင်းသီးဟင်းရွက်များ ပိုလျှံလာနိုင်ကြောင်း၊ လုပ်ငန်းကြီးများကလည်း အစိုးရ၏ စီးပွားရေးလှုံ့ဆော်သည့် အစီအမံများနှင့်အညီ ဈေးကွက်ရှာဖွေခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ငွေကြေးဖောင်းပွမှုကျဆင်းခဲ့မှုနှင့်စပ်လျဉ်း၍ ဝယ်ယူမှုစွမ်းအားကို သက်ရောက်စေပြီး ဝယ်ယူမှုစွမ်းအားနှင့် GDP ၏ ၈၉ ရာခိုင်နှုန်းရှိသော အိမ်ထောင်စုကြွေးမြီကို အလေးထားပြောကြားခဲ့သည်။

ကပ်ရောဂါကာလကတည်းမှစ၍ ကြွေးမြီအချိုးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ဝယ်ယူမှုစွမ်းအားကို ထိခိုက်ခဲ့ပါကြောင်း၊ ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်၏ သတ်မှတ်ဘောင်အတွင်းဖြစ်သော ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း၏ အနိမ့်ဆုံးတွင် ကျန်ရှိနေနိုင်သော်လည်း အကဲဖြတ်ချက်များကို ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း Mr. Poonpong က သုံးသပ်အကြံပြုခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News