အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သွင်းကုန်များအပေါ် ကောက်ခံမည့်အခွန်မူဝါဒကြောင့် ထိုင်းပို့ကုန်များအတွက် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ်များသည် ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအကြား မြင့်တက်လာနိုင်ကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) က ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့်လက မတ်လအတွင်း သံမဏိနှင့် အလူမီနီယံသွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် မော်တော်ယာဉ်သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်းကို လာမည့်လအတွင်း ကောက်ခံသွားရန် ထရမ့်က ကြေညာခဲ့ပါကြောင်း၊ ယင်းသည် ထိုင်းသင်္ဘောလုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကုန်သွယ်ရေးပဋိပက္ခ၏ သက်ရောက်မှုကို ဖြေရှင်းရန် အရေးကြီးအစီအမံများ လိုအပ်ပါကြောင်း၊ ဝန်ကြီးချုပ်ကလည်း မိမိတို့နှင့်တွေ့ဆုံရန် လျာထားကြောင်း သိရှိရသဖြင့် ယင်းပြဿနာရပ်များကို ဆွေးနွေးရန် အဆင်သင့်ရှိပါကြောင်း၊ ထရမ့်၏ကုန်သွယ်ရေးမူဝါဒအသစ်များကို စောင့်ကြည့်ရန်နှင့် အဖြေရှာနိုင်ရေး သတင်းအချက်အလက်များမျှဝေရန် အစိုးရ-ပုဂ္ဂလိကပါဝင်သော ပူးတွဲအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေလိုကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ Mr. Kriengkrai Thien-nukul က ပြောကြားခဲ့သည်။
အသစ်ဖြစ်လာသော အမေရိကန်-တရုတ်ကုန်သွယ်ရေးပဋိပက္ခကြောင့် အချို့သောတရုတ်ကုမ္ပဏီများသည် ကုန်ပစ္စည်းများထုတ်လုပ်တင်ပို့ရန် ထိုင်းစက်ရုံများကို လျှို့ဝှက်စွာအသုံးပြုလာမည်ကို စိုးရိမ်ပါကြောင်း၊ ထိုင်းထုတ်လုပ်မှုညွှန်းကိန်းအားနည်းနေချိန်တွင် တရုတ်ကုမ္ပဏီအချို့က စက်မှုပို့ကုန်များ ပိုမိုမြင့်တက်လာကြောင့် အစီရင်ခံခဲ့ပါက သံသယများမြင့်တက်လာနိုင်ကြောင်း၊ ပြည်တွင်းမော်တော်ကားရောင်းအားကို မြှင့်တင်ရန် ယခင်နှစ်က အဆိုပြုခဲ့သော ပစ်ကပ်ချေးငွေကိုမြှင့်တင်ရန် ဘတ် ၅ ဘီလီယံ ထူထောင်မည့်အဆိုပြုလွှာသည် တိုးတက်မှုရှိလာနိုင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)