International News

ရုရှားဗဟိုဘဏ်(CBR)သည် ဇွန်လ ၁၀ ရက်အတွက် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေလဲနှုန်းများကို လျှော့ချသတ်မှတ်

Last Updated:

ရုရှားဗဟိုဘဏ်က ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်အတွက် တရားဝင်ငွေလဲနှုန်းများကို ထုတ်ပြန်ရာတွင် အမေရိကန်ဒေါ်လာ၏တရားဝင်နှုန်းကို ၁ ဒေါ်လာ = ၇၁.၇၃၁၈ ရူဘယ်အဖြစ် သတ်မှတ်ခဲ့ပြီး ယခင်နှုန်းထက် ၁ ရူဘယ် ၅၃ ကိုပက် လျော့နည်းသွားခဲ့သည်။

ယူရိုငွေကြေး၏ တရားဝင်နှုန်းကိုလည်း ၁ ယူရို = ၈၂.၇၇၈၅ ရူဘယ်အဖြစ်သတ်မှတ်ခဲ့ပြီး ယခင်နှုန်းထက် ၂ ရူဘယ် ၅၀ ကိုပက်လျော့နည်းသွားသည်။

ထို့အပြင် တရုတ်ယွမ်ငွေကြေး၏ တရားဝင်နှုန်းကိုလည်း ၁ ယွမ် = ၁၀.၅၈၃၁ ရူဘယ်အဖြစ်သတ်မှတ်ခဲ့ပြီး ယခင်နှုန်းထက် ၁၉.၉၅ ကိုပက်လျော့နည်းသွားခဲ့သည်။

မှတ်ချက် - ဒေါ်လာ၊ ယူရိုနှင့်ယွမ်တို့၏ ရူဘယ်ဖြင့် သတ်မှတ်ထားသော နှုန်းထားများ ကျဆင်းသွားခြင်းသည် ရူဘယ်ငွေကြေးအားကောင်းလာကြောင်းကိုဖော်ပြနေသည်။ ရူဘယ်တန်ဖိုးမြင့်တက်လာသောအခါ နိုင်ငံခြားငွေတစ်ယူနစ်ဝယ်ယူရန် လိုအပ်သည့် ရူဘယ်ပမာဏလျော့နည်းသွားသည်။

Source: https://fomag.ru/news-streem

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News