International News

ရုရှားသမ္မတပူတင်သည် cryptocurrency ကို အသုံးပြု၍ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ငွေပေးချေနိုင်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့

Last Updated:

ရုရှားသမ္မတဗလာဒီမာပူတင်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးတို့တွင် စမ်းသပ်မှုဆိုင်ရာဥပဒေစနစ်များ(Experimental Legal Regimes-EPR)အရ အကောင်အထည်ဖော်ခွင့်ပြုသောဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါဥပဒေတွင် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များအောက်တွင် ငွေပေးချေမှုနည်းလမ်းအဖြစ် cryptocurrencies နှင့်အရောင်းအ၀ယ်ပြုလုပ်ခြင်းများ ပါဝင်သည်။

ဤဥပဒေသည် ငွေကြေးဈေးကွက်တွင် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနယ်ပယ်မှာ EPR ယန္တရား၏ လည်ပတ်မှုကို ထောက်ပံ့ပေးရန်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဤနယ်ပယ်ရှိ EPR ကိစ္စရပ်များဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ရုရှားဗဟိုဘဏ်သို့ အပ်နှင်းထားသည်။ ထို့အပြင် ဗဟိုဘဏ်မှအတည်ပြုထားသော ငွေကြေးဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့် ထိန်းချုပ်မှုဆိုင်ရာ EPR အစီအစဉ်သည် ရုရှားဘဏ္ဍာရေးဝန်ကြီးဌာန၊ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုဌာန(FSB)၊ ဖက်ဒရယ်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးဌာန(Rosfinmonitoring)တို့မှ သဘောတူညီရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

Source :        https://ria.ru/20240808/putin-1964962288.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News