ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလလယ်အထိ လယ်ယာထွက်ကုန်များတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၈.၀၈ ဘီလီယံရရှိခဲ့ပြီး သွင်းကုန်အမေရိကန်ဒေါ်လာ ၃.၈၉ ဘီလီယံသုံးစွဲခဲ့ရာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄.၁၉ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၄ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏အဆိုအရ သိရှိရပါသည်။
ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ၊ သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံပါဝင်ပြီး ဆန်တင်ပို့မှုမူ အမေရိကန်ဒေါ်လာ ၁.၄၇ ဘီလီယံမှ ၁၄.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှ ၁၀.၄ ရာခိုင်နှုန်းမှ အမေရိကန်ဒေါ်လာ ၁.၃၈ ဘီလီယံသို့ကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။
ပို့ကုန်ဈေးနှုန်းများနှင့်ပတ်သက်၍ ကော်ဖီသည် ၆၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တစ်နှစ်လျှင် ၅၆၈၅ ဒေါ်လာအထိရရှိခဲ့ကြောင်း၊ ငရုတ်ကောင်းနှင့် သီဟိုဠ်စေ့ ၆၄ ရာခိုင်နှုန်းနှင့် ၂၇ ရာခိုင်နှုန်းတိုးမြင့်လာပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၈၈၂ နှင့် ၆၈၃၃ ဒေါ်လာအသီးသီးမြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါ သည်။
ဗီယက်နမ်နိုင်ငံသည် ယခုကာလအတွင်း သီဟိုဠ်စေ့တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံသုံးစွဲခဲ့ပြီး ၂၉.၃ ရာခိုင်နှုန်းတိုးလာကာ တစ်ခုတည်းသော ဒေါ်လာဘီလီယံတန် သွင်းကုန်ပစ္စည်းဖြစ်လာကြောင်း သိရှိရပါသည်။
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၆၉၇ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၃ ရာခိုင်နှုန်းတိုးလာကြောင်း၊ ပြောင်းနှင့် ဂျုံတင်သွင်းမှုမှာ ၁၆.၁ ရာခိုင်နှုန်းနှင့် ၃.၇ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၆၅၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၅၃၃.၁ သန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ပြန်လည်သုံးသပ်သည့် ကာလတစ်လျှောက်တွင် ဗီယက်နမ်နိုင်ငံသည် နို့နှင့်နို့ထွက်ပစ္စည်းများကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၃၉၇.၈ သန်းသုံးစွဲခဲ့ပြီး ၃၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတင်သွင်းမှု၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ၃၃.၃ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၅၇ နှင့် ၂၅၇.၇ဒေါ်လာအသီးသီးရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
Source : https://english.vov.vn/en/economy/us41
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)