International News

ရုရှားနိုင်ငံမှ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ယခုနှစ်ကုန်အထိ သက်တမ်းတိုး

Last Updated:

ရုရှားအစိုးရသည် ရုရှားနိုင်ငံမှ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့ကြောင်း သိရှိရသည်။

ရာသီအလိုက်၀ယ်လိုအားများဆက်လက်တည်ရှိနေသည့်ကာလအတွင်း လောင်စာဆီဈေးကွက်တွင်တည်ငြိမ်သော အခြေအနေကို ထိန်းသိမ်းရန်နှင့် ရေနံသန့်စင်စက်ရုံများတွင် စီစဉ်ထားသော ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက်  ယင်းဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

ယင်းတားမြစ်ချက်သည် ရုရှားမှ ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရချင်းသဘောတူညီချက်ဖြင့် အခြားပြည်ပနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက်တင်ပို့သည့် လောင်စာဆီများအပေါ် အကျုံးဝင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

သြဂုတ်လ ၉ ရက်အထိ ရုရှားစွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရုရှားနိုင်ငံသည် ဓာတ်ဆီအရန်တန်ချိန် ၂.၀၃ သန်းသိုလှောင်ထားပြီး ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချမှုသည် ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရှိရသည်။

ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် ရုရှားအစိုးရသည် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ကျင့်သုံးလျက်ရှိသဖြင့် အဆိုပါကန့်သတ်ချက်ကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်ထားပါသည်။

Source :        https://tass.ru/ekonomika/21601005

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News