International News

ဖိလစ်ပိုင်နိုင်ငံ၏ သရက်သီးဈေးကွက်ချဲ့ထွင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိ

Last Updated:

၂၀၂၅ ခုနှစ်၊ မေလက ကျင်းပခဲ့သည့် 2025 International Food Exhibition(IFEX)တွင် ခင်းကျင်းပြသခဲ့သည့် ဖိလစ်ပိုင်နိုင်ငံအနောက်ပိုင်း Visayas ဒေသထွက် Guimaras အမျိုးအစား သရက်သီးအား ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်သွားရန် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသရက်သီအမျိုးအစားသည်၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်မူပိုင်ခွင့်ဌာန၏ ဒေသထွက်မှန်ကန်ကြောင်းညွှန်ပြချက်(Geographical Indication-GI)  လက်မှတ်ရရှိထားပြီးဖြစ်ပါသည်။

မူပိုင်ခွင့်(Trademark)ရရှိထားခြင်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်တွင် မညီမျှသောယှဉ်ပြိုင်ခြင်းများနှင့် အတုအပပြုလုပ်ခြင်းတို့ကို အကာအကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းရှိတောင်သူများအား အထောက်အပံ့ပေးနိုင်ခြင်း၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့်တိုင်းပြည်၏စိုက်ပျိုးရေးကဏ္ဍအား ထိန်းသိမ်း စောင့်ရှောက်နိုင်မည်လည်းဖြစ်ပါသည်။ ယခုဆိုလျှင် စင်ကာပူနိုင်ငံအခြေစိုက် e-commerce Platform တစ်ခုဖြစ်သော Shopee တွင် ရောင်းချသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သော LBC, PHLPost တို့နှင့်လည်းချိတ်ဆက်၍ နိုင်ငံတစ်ဝှမ်းပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အထူးသဖြင့် မြို့တော်မက်ထရိုမနီလာမြို့အတွက်ဖြစ်ပါသည်။

ထပ်မံ၍ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် သရက်သီးစိုက်ပျိုးသူများအား အရည်အသွေးမြှင့်သင်တန်းများပို့ချပေးခြင်း၊ GI စံနှုန်းနှင့်ကိုက်ညီစေရန် လမ်းညွှန်ပြသပေးခြင်းတို့အပြင် အသိပညာပေးအစီအစဉ်များပြုလုပ်ပေးခြင်း၊ စားသုံးသူများအနေဖြင့်လည်း GI Seal ပါရှိခြင်း၏ထူးခြားချက်များ၊ အရည်အသွေးထိန်းသိမ်းထားရှိပုံတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားလျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

Source; https://www.manilatimes.net/2025/05/26/business/top-business/dti-looking-to-expand-guimaras-mango-market/2120632

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News