ထိုင်းနိုင်ငံ၌ ရာဘာပင်များကို ၎င်းတို့မြေများ၌ ဥပဒေနှင့်အညီစိုက်ပျိုးထားသော တောင်သူများသည် ယင်းအပင်များကို ချေးငွေများအတွက် အပင်ပစ္စည်းအဖြစ် အသုံးနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုတေသနဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါ သည်။
တောင်သူများအတွက် မြေယာပိုင်ဆိုင်မှုနှင့် စီးပွားရေးအခွင့်အလမ်းများကို တိုးမြှင့်ပေးသွားရန် ဖြစ်ကြောင်း၊ ယင်းစာချုပ်သည် စဉ်ဆက်မပြတ်သော မြေယာအသုံးပြုမှုနှင့် ငွေကြေးအားကောင်းစေရန် အရေးပါသောအဆင့်ဖြစ်ကြောင်း၊ သစ်ပင်များတည်ရှိနေမှု၏သက်သေပြချက် ပိုမိုသောအဓိပ္ပာယ်ရှိပြီး ငွေကြေးပိုင်ဆိုင်မှုအလားအလာအဖြစ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ မူဝါဒအသစ်အရ ရာဘာပင်များကို တန်ဖိုးရှိသောပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ခဲ့ပြီး တောင်သူများကို ဘဏ်ငွေကြေးအတွက် မြှင့်တင်စေမည်ဖြစ်ကြောင်း၊တီထွင်ထားသည့်နည်းလမ်းသည် စဉ်ဆက်မပြတ်သောရင်းမြစ်ကို မြှင့်တင်ရာရောက်ပြီး တောင်သူများ၏ စီးပွား ရေးတည်ငြိမ်မှုကို ခိုင်မာစေရန်ဖြစ်ကြောင်း၊ အစီအစဉ်သည် နိုင်ငံတစ်ဝှမ်းရှိ တောင်သူများအားလုံးကို လွှမ်းခြုံမည်ဖြစ်ပြီး ရာဘာပင်များပိုမိုစိုက်ပျိုးခြင်းကို အားပေးခြင်းဖြင့် နိုင်ငံ၏ ၄၀ ရာခိုင်နှုန်းကို အစိမ်းရောင်နေရာများအဖြစ် ပြောင်းလဲလိုသည့် အစိုးရ၏ဆယ်စုနှစ်ကြာ ရည်မှန်း ချက်နှင့်ကိုက်ညီပါကြောင်း ဝန်ကြီး H.E Ms. Narumon Pinyosin-wat က ပြောကြားခဲ့သည်။
တောင်သူများအကျိုးကျေးဇူးကိုမြှင့်တင်ပေးရန် ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းကို မေလ ၁၂ ရက်နေ့မှစ၍ အယုဒ္ဓယခရိုင်တွင်စတင်မည်ဖြစ်ပြီး တောင်သူများသည် အတည်ပြုချက်အတွက် ထိုင်းရာဘာအာဏာပိုင်ထံတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနချေးငွေအတွက် ရာဘာပင်များ၏တန်ဖိုးကို တွက်ချက်မည်ဖြစ်ကြောင်း၊ ယင်းသည် ကာဗွန်ကုန်သွယ်မှုအတွက် အဖွင့်တံခါးများပင်ဖြစ်ကြောင်း၊ စာချုပ်များသည် ထိုင်းရာဘာထုတ်ကုန်များကို တင်သွင်း ကုန်စည်များသည် သစ်တောပြုန်းတီးမှုတွင် မပါဝင်ကြောင်း သက်သေ ပြရန် လိုအပ်သော ဥပဒေသစ်ဖြစ်သည့် အီးယူ၏သစ်တောပြုန်းတီးမှုကင်းစင်ရေးလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီစေရန်ဖြစ်ကြောင်း၊ ယင်းသက်သေခံလက်မှတ်သည် တောင်သူများအတွက် ကုန်သွယ်ရေးအတားအဆီးများမရှိဘဲ အကျိုးအမြတ်ရှိသော အီးယူဈေးကွက်သို့ ဝင်ရောက်စေမည်ဖြစ်ကြောင်း Ms. Narumon က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)