Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၄-၃-၂၀၂၄)ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ကြက်သွန်နီ၊ ပီလောပီနံခြောက်၊ မတ်ပဲ၊ ငရုတ်ခြောက်၊ နနွင်းတက်၊ မကျည်းသီးအစေ့ပါ၊ ကွမ်းသီး၊ ရှားစောင်းခြောက် တို့တင်ပို့ခဲ့ပါသည်။ ၂၄-၃-၂၀၂၄ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ပီလောပီနံခြောက်၊ မတ်ပဲ၊ ငရုတ်ခြောက်၊ နနွင်းတက်၊ မကျည်းသီးအစေ့ပါ၊ ကွမ်းသီး၊ ရှားစောင်းခြောက် တို့ဖြစ်ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၄-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန် လျှင် (၁၀၀၀.၅၉)ဒေါ်လာဖြင့် (၄၀၄.၇၆၀)တန်၊ (၀.၄၀၅)ဒေါ်လာသန်း၊ပီလောပီနံခြောက်(၁) တန်လျှင် (၁၀၀၀.၀၀)ဒေါ်လာဖြင့် (၂၁၀.၀၀၀)တန်၊ (၀.၂၁၀)ဒေါ်လာသန်း၊ မတ်ပဲ(၁)တန်လျှင် (၁၀၀၀.၀၀)ဒေါ်လာဖြင့် (၉၆.၀၀၀)တန်၊ (၀.၀၉၆)ဒေါ်လာသန်း၊ ငရုတ်ခြောက် (၁)တန်လျှင် (၉၉၈.၂၃)ဒေါ်လာဖြင့်၊ (၈၄.၁၄၉)တန်၊ (၀.၀၈၄)ဒေါ်လာသန်း၊ နနွင်းတက် (၁)တန်လျှင် (၁၀၀၀.၀၀)‌ဒေါ်လာဖြင့် (၄၁.၀၀၀)တန်၊ (၀.၀၄၁)ဒေါ်လာသန်း၊ မကျည်းသီးအစေ့ပါ (၁)တန်လျှင် (၁၀၀၀.၀၀)ဒေါ်လာဖြင့် (၃၂.၀၀၀)တန်၊ (၀.၀၃၂)ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀.၀၀) ဒေါ်လာဖြင့် (၁၆.၀၀၀)တန်၊ (၀.၀၁၆)ဒေါ်လာသန်း၊ ရှားစောင်းခြောက် (၁)တန်လျှင် (၁၀၀၀.၀၀)ဒေါ်လာဖြင့်၊ (၁.၀၀၀)တန်၊ (၀.၀၀၁)‌ဒေါ်လာသန်း တို့ဖြစ်ပါသည်။

၂၄ - ၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၁၉၇)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၁၁၉) ဒေါ်လာသန်း၊ သံနှင့် သံမဏိပစ္စည်း (၀.၀၉၉)ဒေါ်လာသန်း၊ အခြားစက္ကူ (၀.၀၃၃)ဒေါ်လာသန်း၊ လေအေးစက်များ  (၀.၀၂၇)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၂၆)ဒေါ်လာသန်း၊ မီးသီး၊ မီးချောင်းများ (၀.၀၂၀)ဒေါ်လာသန်း၊ စက်ဆီ/ချောဆီများ (၀.၀၂၀)ဒေါ်လာသန်း၊ ဆပ်ပြာများ(၀.၀၁၈)ဒေါ်လာသန်းနှင့် စက်ဘီးနှင့်စက်ဘီး အပိုပစ္စည်းများ (၀.၀၁၆)ဒေါ်လာသန်း တို့ဖြစ်ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ် ရှိပြီး ယခုအပတ် တွင် (၁၀၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၂၄ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၆.၃၄၈) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၃.၃၄၀) ကန် ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၉.၆၈၈) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News