Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂၀.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၂.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ မတ်လ(၂၅) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၃၀.၁၆၀) ဒေါ်လာသန်း၊ သွင်းကုန်(၄.၁၅၆) ဒေါ်လာသန်း၊ စုစုပေါင်း(၃၄.၄၉၉)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၅၃.၃၃၀%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

မတ်လ(၂၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ နှမ်း၊ ပဲယင်း၊ ပဲလွန်း၊ မြေပဲဆံ၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ မကျည်းသီး(အစေ့ပါ)၊ သခွားမွှေး၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတု၊ ဝါး၊ လောင်စာတောင့်နှင့် သန့်စင်ပြီးသံမှုန့်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၄)ရက်မှ မတ်လ(၂၅) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၃၈၂၅) တန်၊ တန်ဖိုး (၁.၃၂၅) ဒေါ်လာသန်း၊ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မြေထောက်ပဲ တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၄၇) ဒေါ်လာသန်း၊ နိုင်လွန်ပဲ တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ပဲလွန်း တန်ချိန် (၁၈၀) တန်၊ တန်ဖိုး (၀.၁၂၄) ဒေါ်လာသန်း၊သစ်သီးဝလံ တင်ပို့မှုအနေဖြင့် ရွှေဖရုံသီး တန်ချိန် (၅၆၄) တန်၊ တန်ဖိုး(၀.၀၅၇)ဒေါ်လာသန်း၊ ငရုတ်သီး တန်ချိန် (၆၈) တန်၊ တန်ဖိုး(၀.၀၂၈)ဒေါ်လာသန်း  ကြက်သွန်နီ  တန်ချိန် (၆၂၂) တန်၊ တန်ဖိုး (၀.၂၄၀) ဒေါ်လာသန်းနှင့် စကျင်ကျောက်ဆင်းတု တန်ချိန် (၂၂၂.၇၁၀) တန်၊ တန်ဖိုး (၀.၃၁၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီးနှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၁၃၆.၆၀) တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၁၉.၅၀၀) တန်၊ တန်ဖိုး (၀.၀၆၀) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၉၀.၀၀၀) တန်၊ တန်ဖိုး (၀.၁၀၉) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News