Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လ၂၆ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၅၉.၆၄၇)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၀၇.၄၂၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁၆၇.၀၇၄)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၆-၃-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၂,၆၆၄.၀၂၁) တန်၊ တန်ဖိုး (၀.၆၀၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၄၆.၆၅၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ AROMATIC GINGER  (၃၂.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၆)ဒေါ်လာသန်း၊ ငရုတ်သီးခြောက်(၃.၆၀၀)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ(၅၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၅၈) ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၂၆-၃-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၅၉.၉၇၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး(၂၆-၃-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၀၅၈)ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၀၆၀)​ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၃၂) ဒေါ်လာသန်း၊ စားသောက်ကုန် ​(၀.၀၁၈) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၀၆) ဒေါ်လာသန်း၊ HYDROBROMIC ACID (၀.၀၀၁) ဒေါ်လာသန်းအပါအဝင် (၀.၁၇၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News