Local News

ပခုက္ကူဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ပြောင်းဖူးစေ့ CP ဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်တွင် ပဲစင်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ၊ ပြောင်းဖူးစေ့ CP တို့ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြောင်းဖူးစေ့ CP ကို ပခုက္ကူကုန်စည်ဒိုင်တွင်သာမက ပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရသည်။ ပြောင်းဖူးစေ့ CP ကို ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ရေစကြိုမြို့၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြင်းဝင်း၊ ငကျော်၊ နန်းတော်ရပ်အုပ်စုအတွင်းရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူဈေးကွက်သို့ ရေစကြိုမြို့၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော ပြောင်းဖူးစေ့ CP ဈေးနှုန်းများမှာ ဇွန်လ (ပထမပတ်)တွင် (၁၈)ပိဿာပါ တင်းလျှင် ကျပ်(၂၃၀၀၀)၊ (စတုတ္ထပတ်)တွင် (၁၈)ပိဿာပါ တစ်တင်းလျှင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး (ပထမပပတ်)နှင့် (စတုတ္ထပတ်)နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၁၀၀၀) ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်ရေ(၂၀၀)မှ (၃၀၀)ထိအရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း၊ မန္တလေးမြို့နှင့် ပြည်ပနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့တင်ပို့နေရကြောင်း၊ တိရိစ္ဆာန်စာများအဖြစ်လည်း အသုံးပြုကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News