Local News

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီဈေးနှုန်းကျဆင်းနေသော်လည်း အရောင်းအဝယ်ဖြစ်နေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို အဓိကစိုက်ပျိုးကြပြီး ပြည်ပပို့ကုန်သီးနှံလည်းဖြစ်ပါသည်။ ပဲစင်းငုံနီကို ပခုက္ကူမြို့နယ်အတွင်းရှိရွာများဖြစ်သော ချောက်ကန်အုပ်စု၊ မန်ကျည်းကိုးပင်၊ အင်ပင်၊ ကန်တော်၊ ကန်လှ၊ ဒဟက်ချောက်၊ ကန်တိန်၊ ကန်ရပ်၊ သမင်အုပ်ရွာများ၊ မြိုင်မြိုနယ်အတွင်းရှိရွာများတွင် သီးထပ်သီးညှပ်အဖြစ်  အဓိကစိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ပဲစင်းငုံနီသည် တောင်သူများလက်ထဲတွင် လက်ကျန်မရှိသော်လည်း  ကုန်သည်များလက်ထဲ၌ လက်ကျန်အများအပြားရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းများမှာ ဇွန်လ(ဒုတိယပတ်)တွင် ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၄၇၀၀၀)၊ (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၄၂၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)နှင့် (စတုတ္ထပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၅၀၀၀)ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်ရေ(၇၀)မှ (၇၀၀)ထိအရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့ (ဘုရင့်နောင် ပွဲရုံ)နှင့် ပြည်ပနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေရကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News