Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၅-၃-၂၀၂၄ မှ ၃၁-၃-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/ RC  (2024 Crop) ကျပ် ၂၉၁၂၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၁၅၀၀၀၀ နှင့်  ပဲစင်းငုံ Red/ RC (2024 Crop) ကျပ် ၃၆၇၂၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024 Crop) ကျပ် ၁၀၃၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၁၀၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကျပ် ၁၀၃၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၉၅ လုံး (တန်ချိန် ၂၂၈၀) နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၂၁၀ လုံး (တန်ချိန် ၅၀၄၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၁၅ လုံး (တန်ချိန် ၂၇၆၀) ပိုမိုဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၂၀လုံး (တန်ချိန် ၄၈၀၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၆၀၀၀၊ မြှားနီ ကျပ် ၅၀၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၁၀၀၀ နှင့် မြစ်ဝပု ကျပ် ၁၀၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၂၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၀၀၀နှင့် မြစ်ဝပု ကျပ် ၁၀၀၀ အသီးသီး ဈေးကျဆင်းခဲ့ပြီး မြှားနီ ကျပ် ၂၀၀ ဈေးမြင့်တက်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၁၀၃၀၀ (၂၀၆၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၂၂၀၀  ( ၃၃၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၉၄၀၀ (၁၈၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၂၀၀၀ (၃၀၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၉၀၀ (၁၈၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပု အိတ်ပေါင်း ၂၀၀( ၃၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၆၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၂၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ရမည်းသင်းဒါးဇင်း ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 
ထန်းလျက်၊ ကြံသကာနှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၄၈၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၅၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၈၀၀၊ ကြံသကာ ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၄၅၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၄၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၀၀၊ ပခုက္ကူကြမ်း ကျပ် ၃၀၀၊ ရေစကြိုထန်း လျက်(ချော)ကျပ် ၃၀၀၊ ကြံသကာ ကျပ် ၂၀၀ အသီးသီး ဈေးကျဆင်းခဲ့ပြီး သကြား (ပြည်တွင်း) ကျပ် ၂၀ ဈေးမြင့်တက်ခဲ့သည်။ 
ကြက်သွန်နီ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၃၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၇၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၃၃၀၀၊ မြစ်သားလတ်ကြီး ကျပ် ၃၃၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၈၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ မြစ်သားရှယ် ကျပ် ၂၀၀၊ မြစ်သားလတ်ကြီး ကျပ် ၂၀၀ အသီးသီး ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၆၀စီး (၉၆၀၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၉၅ စီး (၁၁၇၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၃၅ စီး (၂၁၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။   

ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၀၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၆၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၂၀၀၊ အောင်ပန်းထူး-၄ ကျပ် ၆၃၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၆၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး-၂  ကျပ် ၁၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၂၈၀၀၊ အောင်ပန်းထူး-၄ ကျပ် ၂၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၂၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၄၈၀၀ (၁၄၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ် ၄၁၀၀ (၁၂၃၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူ အိတ်ရေ ၇၀၀ (၂၁၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။      
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

 

Category: Local News