International News

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်မည့်နိုင်ငံများ အဆင်ပြေချောမွေ့စွာ ကူးပြောင်းနိုင်ရေးနည်းလမ်းများ ထောက်ပံ့ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ ရှာဖွေ

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများသည် (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင် ချမှတ်ခဲ့သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်မည့်နိုင်ငံများအတွက် ဆုံးဖြတ်ချက်ကိုထောက်ခံလျက် ၎င်းတို့အား ကူညီနိုင်မည့်နည်းလမ်းများ ရှာဖွေရန် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ဆိုင်ရာဆပ်ကော်မတီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြပါသည်။ ဆပ်ကော်မတီဥက္ကဌ၊ ဒိန်းမတ်သံအမတ်ကြီးက ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ လွတ်မြောက်မည့် နိုင်ငံများအား ကူညီပံ့ပိုးရန် အဖွဲ့ဝင်နိုင်ငံများက စိတ်ပါဝင်စားမှုရှိကြောင်း ပြသခဲ့သည့်အတွက် ဝမ်မြောက်ကြောင်း ပြောကြားခဲ့ပါသည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများက ကူးပြောင်းကာလ အထောက်အပံ့နည်းလမ်းများအနက် အန်ဂိုလာ ငါးလုပ်ငန်းတန်ဖိုးကွင်းဆက်အား မြှင့်တင်ပေးခြင်း၊ နီပေါလယ်ယာကဏ္ဍတိုးတက်မှုမြှင့်တင်ပေးခြင်း၊ ကမ္ဘော့ဒီးယားအထည်ချုပ်လုပ်ငန်းပိုမိုကြံ့ခိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ပိုမိုထိန်းသိမ်းရေးဆောင်ရွက်နေမှုများကို ကိုးကားခဲ့ကြသည်။ အစည်းအဝေးတက်ရောက်သူများက ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ အားကောင်းရေးသည် ကြိုးပမ်းအားထုတ်မှုများ၏ မဏ္ဍိုင်ဖြစ်ကြောင်း၊ အန်ဂိုလာရှိ လော်ဘီတို ရထားလမ်းစင်္ကြံနှင့်  ခတ္တမန္တူမှ ကာလကတ္တား ဆိပ်ကမ်းထိ ဆက်သွယ်ရေးလမ်းကြောင်းစီမံကိန်းများသည် အရေးကြီးကြောင်း၊ အစိုးရအဖွဲ့ အစည်းများအားကောင်းရေးနှင့် မက်ခရိုစီးပွားရေးစနစ်တည်ငြိမ်ရေးသည် အရေးကြီးကြောင်း ထောက်ပြခဲ့ကြသည်။

ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ လွတ်မြောက်ခဲ့သောနိုင်ငံများက ဆိုင်ကလုန်း၊ မိုးခေါင်မှု၊ ငလျင် စသည့် ပြင်းထန်သော ရာသီဥတုအခြေအနေများက ၎င်းတို့၏ ကုန်သွယ်မှုစွမ်းဆောင်ရည်ကို ပြင်းထန်စွာထိခိုက်စေခဲ့ရာ အဆိုပါသက်ရောက်မှုများမှ လျော့ကျစေရေးနှင့် အလှူရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အဝန်းအဝိုင်းတစ်ခု တည်ဆောက်သင့်ကြောင်း ထောက်ပြကြပါသည်။

ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများက အကောက်ခွန်နှင့် ကိုတာကင်းလွတ်ခွင့်များ ၊ နည်းပညာအကူအညီများကို ဖွံ့ဖြိုမှုအနည်းဆုံးနိုင်ငံများအဆင့်မှ မလွတ်မြောက်မီနှင့် လွတ်မြောက်ပြီးအဆင့်များတွင် ပံ့ပိုးပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးမှုအေဂျင်စီ (United States Agency for International Development -USAID ) ၏ ပြီးခဲ့သည့် ၅ နှစ်အတွင်း ကုန်သွယ်မှုဆိုင်ရာ အကူညအညီမှ ၇၀ %  သည် ဝင်ငွေနည်းနိုင်ငံများအတွက် အကျိူးရှိစေခဲ့ပါသည်။

ဩစတြေးလျကလည်း အီလက်ထရောနစ်ကုန်သွယ်မှုနှင့် ဒီဂျစ်တယ်စီးပွားရေး၊ ကုန်သွယ်မှုအကူအညီ၊ အသိဉာဏ်ဆိုင်ရာမူပိုင်ခွင့်နှင့် ရာသီဥတုဆိုင်ရာပြသာနာများ လျော့ပါးရေးနှင့်  ကိုက်ညီရေး အမျိုးသားမဟာဗျူဟာများ ချမှတ်သည့်ကိစ္စများတွင် ကုန်သွယ်မှု အကူအညီအဖြစ် ဩစတြေးလျ ဒေါ်လာသန်း ၂၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ခြင်းကို ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးကောင်စီ၏ အကြံပေးအဖွဲ့ဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုကော်မတီ (UN Committee for Development Policy) မှ လူမှုစီးပွားသတ်မှတ်ချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ဆပ်ကော်မတီသည် ၎င်းတို့၏ ကုန်သွယ်မှု လမ်းကြောင်းများ၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ အစီရင်ခံစာနှင့်တွေ့ရှိချက်များကို ဆွေးနွေးခြင်းဖြစ်ပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၅ နိုင်ငံအနက် ၁၅ နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ လွတ်မြောက်တော့မည်ဖြစ်ပါသည်။အဆိုပါ ၁၅ နိုင်ငံအနက် ဘင်္ဂလားဒေ့၍ ကမ္ဘောဒီးယား၊ ဂျီဘူတီ၊ လာအို၊ မြန်မာ၊ နီပေါ၊ ရဝမ်ဒါ၊ ဆီနီဂေါ၊ ဆော်လမွန်ကျွန်းများ၊ တန်ဇန်းနီးယားနှင့် ဂန်ဒါတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများဖြစ်ပါသည်။

 Source: www.wto.org

Source: https://commerce.gov.mm

Category: International News