Local News

မတ်ပဲသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်များ၌ မိုးစပါးစိုက်ဧက ငါးသိန်းသုံးသောင်းကျော် စိုက်ပျိုးခဲ့ပြီး သီးထပ်အဖြစ် မတ်ပဲသီးနှံကို စိုက်ဧက လေးသိန်းနှစ်သောင်းကျော် စိုက်ပျိုးထားရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးသော မတ်ပဲသီးနှံများသည် ၂၀၂၄ ခုနှစ်၊ မတ်လ၊ ဒုတိယပတ်တွင် လှိုင်လှိုင်ထွက်ရှိလျက်ရှိရာ တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၁၇-၂၀ တင်းအကြား ထွက်ရှိကြောင်း၊ မတ်ပဲသီးနှံတစ်ဧက ပျမ်းမျှကုန်ကျစရိတ်အနေဖြင့် ၄၅၀,၀၀၀ ကျပ်ခန့်ကုန်ကျပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၁၇ တင်းနှုန်းထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မတ်လ၊တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ဟင်္သာတမြို့၌ ၉၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ကျပ် ၁၂ သိန်းခန့်ရရှိကြောင်း၊ မတ်ပဲသီးနှံကို တောင်သူများ စနစ်တကျစိုက်ပျိုးကြခြင်း၊ ရာသီဥတုကောင်းမွန်ခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးလာကြခြင်းများကြောင့် ယခုနှစ်တွင် မတ်ပဲအထွက်နှုန်းများ ကောင်းမွန်လာပြီး တောင်သူများ အကျိုးအမြတ်ပိုမိုရရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Source: DOCA (ဧရာဝတီ)

Source: https://commerce.gov.mm

Category: Local News