Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ(၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၉၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၃၅) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၁၂၉) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ မေလ(၂၇) ရက်နေ့မှ (၂၈) ရက်နေ့ အထိရေထွက် ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန် နှင့် အခြားရေထွက်ပစ္စည်းများ (၃၂.၅၀၅) တန်၊ တန်ဖိုး (၀.၀၀၅၉) ဒေါ်လာသန်း၊ စက်မှုကုန်ချော ပစ္စည်းအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၃၅) ဒေါ်လာသန်း  တင်သွင်းခဲ့ပါ သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ(၉၃၀.၅၇၅)ဒေါ်လာနှုန်း၊ ပုစွန်(၁၅၂၈၀.၆၅၈)ဒေါ်လာနှုန်း၊ ကဏန်း (၁၇၈၅.၄၃၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၇၂၀.၈၇၅) ဒေါ်လာနှုန်း၊ တံမြက်စည်း (၀.၂) ဒေါ်လာနှုန်း ဖြစ်ပါသည်။ မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေး နှုန်းမှာ - သစ်သီး (၃၀၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ 

Source: https://commerce.gov.mm

Category: Local News