အောက်တိုဘာလပထမပတ်တွင် မန္တလေးဈေးကွက်၌ ရာသီဥတုအခြေအနေကြောင့် ပဲမျိုးစုံဝင်ရောက်မှုနည်းနေကြောင်းသိရပြီး ဝင်ရောက်သည့်သီးနှံများ၏ အရည်အသွေးကြောင့် ဝယ်လိုအားနည်း၍ ပဲမျိုးစုံဈေးကွက်အေး၊ အရောင်းအဝယ်လည်း အေးနေကြောင်းသိရသည်။ ကုလားပဲဖြူကြီး (V2) ၅၇.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၁၃၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ဈေး မြင့်တက်လာသည်။ ကုလားပဲဖြူကြီး (V7) ၅၇.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၆၀၀၀၀၊ ယခင်လ ကျပ် ၃၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လအတိုင်း ဈေးငြိမ်နေပါသည်။ ကုလားပဲ (ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၄၀၀၀မှ ၂၈၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၂၀၀၀မှ ၂၈၃၀၀၀၊ ယခင်လ ကျပ်၂၈၀၀၀၀မှ ၂၈၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မြင့်တက်လာပြီး၊ ယခင်လအတိုင်း ဈေးငြိမ်နေပါသည်။ ကုလားပဲ (929) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုအပတ် ကျပ် ၂၉၁၀၀၀ မှ ၂၉၂၀၀၀၊ ယခင်အပတ် ကျပ် ၂၉၀၀၀၀၊ ယခင်လ ကျပ်၂၉၂၀၀၀မှ ၂၉၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ်ထက်ကျပ် ၁၀၀၀မှ ၂၀၀၀ မြင့်တက်လာပြီး၊ ယခင်လအတိုင်းဈေးငြိမ်နေပါသည်။ ပဲတီစိမ်း ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုအပတ် ကျပ် ၁၉၀၀၀၀ မှ ၂၃၀၀၀၀၊ ယခင်အပတ် ကျပ် ၁၉၀၀၀၀မှ ၂၄၅၀၀၀၊ ယခင်လ ကျပ်၂၀၀၀၀၀မှ ၂၅၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ်ထက် ကျပ် ၁၅၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၀၀၀မှ ၂၅၀၀၀ နိမ့်ကျ လာသည်။မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုအပတ် ကျပ် ၃၇၅၀၀၀၊ ယခင်အပတ် ကျပ် ၃၈၀၀၀၀ မှ ၃၈၅၀၀၀၊ ယခင်လ ကျပ်၃၇၀၀၀၀မှ ၃၈၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ်/ ယခင်လထက် ကျပ် ၅၀၀၀မှ ၁၀၀၀၀ နိမ့်ကျလာသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး