Local News

ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များ ဝယ်ယူမှုအားကောင်းနေပြီး အ‌ရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များကို ဇူလိုင်လ ဒုတိယပတ်မှ ဩဂုတ်လ ၄ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသမှ ကွမ်းသီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၉၈၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ညောင်တုန်းမြို့နယ်ဘက်ကထွက်တဲ့ ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်ကဝယ်ယူမှုအားကောင်းနေပါတယ်။ ဒီဘက်ကနေထွက်တဲ့ ဒေသထွက်ကွမ်းသီးတွေကို ရန်ကုန်ဈေးကွက်မှာပဲ အဓိကတင်ပို့ရောင်းချနေပါတယ်။ လက်ရှိကွမ်းသီးခြောက်တွေက နည်းပါးလာပါပြီ။ ကွမ်းသီးခြောက်က အခုအချိန်မှာ အရောင်းအဝယ်အားကောင်းနေပါတယ်။ ကွမ်းသီးအရောင်းအဝယ်ကောင်းလာတော့ လုပ်သားတွေနဲ့ အဓိကစိုက်ပျိုးရေးလုပ်ငန်းရှင်တွေ အဆင်ပြေလာပါတယ်။ ညောင်တုန်းမြို့နယ်ဘက်ကထွက်တဲ့ ကွမ်းသီးတွေက အရည်အသွေးကောင်းမွန်ပါတယ်” ဟု ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြသည်။

ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးစိမ်းများကို ဒေသကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များကဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News