Local News

ယခုဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်း ရရှိထား

Last Updated:

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ  နှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်းရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောဆိုချက်အရ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ  ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၄၆၁ ဒသမ ၂၁ တန် တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၂၇  တန်တင်ပို့ခဲ့ရာ စုစုပေါင်း မက်ထရစ်တန်  ၄၈၈ ဒသမ ၂၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်းရရှိကြောင်း သိရသည်။

ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၂၇၉ ဒသမ ၂၁ တန် ဖြင့် အများဆုံးတင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၁၈၈၁၅ ရရှိခဲ့ကာ တောင်ကိုရီးယားနိုင်ငံသို့ ပျားရည်မက်ထရစ်တန်  သုည ဒသမ ၅  တန်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၅၀ ရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့ ပျားရည်မက်ထရစ်တန်  ၁၈၁ ဒသမ ၅တန်တင်ပို့ပြီး      အမေရိကန်ဒေါ်လာ ၂၇၂၂၅၀ ရရှိခဲ့ကာ တရုတ်နိုင်ငံသို့ ပျားရည်မက်ထရစ်တန်  ၂၇   တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၀၅၀၀ ရရှိခဲ့သည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၄၈၈ ဒသမ ၂၁ တန် တင်ပို့ပြီး  အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်းရရှိခဲ့ကြောင်း သိရသည်။

ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊  ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်ကြောင်း၊ ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့   ပြည်ပနိုင်ငံများသို့လည်း   တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News