ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၃၁.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝ ကျပ်၊ ဧည့်မထဆန်(မနော သုခ)(သစ်) တစ်အိတ် ၇၄၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၃၀၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၃၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၉၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၀၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၇.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝ ကျပ်၊ ဧည့်မထဆန်(မနော သုခ)(သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၃၀၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၃၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ် အိတ် ၅၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၁၅၃၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ် ၁၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၁၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၃၀ဝ ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ B (1,2) ဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနောသုခ)(သစ်)၊ ဆန်ကွဲ B(2, 3,4) နှင့် ဖွဲနုဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားများလာခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး