Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလမှ ဇူလိုင်လ ၁ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၅၂.၁၄၂) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၂၈.၆၉၀) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၈၀.၈၃၃)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁-၇-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၄၀၆၄.၀၅၃) တန်၊ တန်ဖိုး (၁.၀၀၆) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၂၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၂.၉၂)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၂၈.၀၀) တန်၊ (၀.၀၃၉) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၁၀၀.၈၀၀) တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၂၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၁၉၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲ နှုန်းအနေဖြင့် (၁-၇-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၈၀၀.၀၀၀)ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁-၇-၂၀၂၄) ရက်တွင် ဒီဇယ်ဆီ (၀.၀၅၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၃၈) ဒေါ်လာသန်း၊ ​ကြွေပြား (၀.၀၀၂)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၀၉) ဒေါ်လာ သန်းနှင့် အခြားပစ္စည်း (၀.၀၂၂) ဒေါ်လာသန်း  အပါအဝင် (၀.၁၃၀) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။

Source: https://commerce.gov.mm

Category: Local News