Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇွန်လ(၃၀) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၉.၈၄၇) ဒေါ်လာသန်း၊ သွင်းကုန် (၁၁.၇၈၉)ဒေါ်လာသန်း၊ စုစုပေါင်း(၂၁.၆၃၆) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၃၂.၇၂၇%)ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ပို့ကုန် (၀.၂၈၇) ဒေါ်လာသန်း၊ သွင်းကုန် (၀.၂၅၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၀.၅၄၁) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇူလိုင်လ (၁) ရက်နေ့ထိပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရုံသီး၊ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာ၊ သရက်ပြားချောက်၊ပဲမျိုးစုံ၊ ကော်ဖီစေ့၊ ကွမ်းသီးအစို၊ အလူမီနီယံဖြတ်စ၊ ခဲစက္ကူနှင့် မကျည်းသီး(အစေ့ပါ)တို့ တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဇွန်လ(၃၀)ရက်မှ ဇူလိုင်လ(၁) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၂) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၂၃၄.၁၀) တန်၊ တန်ဖိုး (၀.၃၄၇) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၁၉၀.၅) တန်၊ တန်ဖိုး (၀.၀၇၇) ဒေါ်လာသန်းနှင့် ပဲမျိုးစုံ တန်ချိန် (၁၈၄.၂) တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်းတို့တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေးပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၈.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၆)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၅.၃၀၀) တန်၊တန်ဖိုး (၀.၅၃၅) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း တန်ချိန် (၇.၅၀၀) တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး  ကုန်သွယ်မှု လွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News