Local News

ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း သီဟိုဠ်စေ့ပိဿာချိန် ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ဒေသထွက်ကုန်သီဟိုဠ်စေ့ပိဿာချိန် ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြည်‌‌ဌေးက ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့ရောင်းချလျက်ရှိရာ ဇွန်လအတွင်း သီဟိုဠ်စေ့ပိဿာချိန် ၄၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ သီဟိုဠ်စေ့ပိဿာချိန် ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဟင်္သာတမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို သီဟိုဠ်စေ့တွေ တင်ပို့ရောင်းချအားကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကိုတင်ပို့ရောင်းချခဲ့တဲ့ သီဟိုဠ်စေ့တွေက နွေကာလက လက်ကျန်သီဟိုဠ်စေ့တွေပါ။ ဒေသထွက်သီဟိုဠ်စေ့တွေကို ကုန်ချောအဖြစ်ပြုလုပ်ပြီး ဟင်္သာတမြို့နယ်ကနေတစ်ဆင့် ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ အဝယ်လိုက်နေပါတယ်” ဟု ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်ဌေးက ပြောပြသည်။

ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက်ကုန်သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ ထိဈေးပေါက်နေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် သီဟိုဠ်စေ့ကို မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News