Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲလုံးဆံ(ဖြူ) နှင့် S1 ဆီဆံ ဈေးမြင့်လာပြီး မြေပဲလုံးဆံ (နီ) ဈေးအေးလာ

Last Updated:

မေလဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ဝကျွန်းဘက်နှင့် မတ္တရာ စဉ့်ကူ၊ မြင်းမူ၊ အောင်လံဒေသမှ မြေပဲဆံများဝင်ရောက်နေပြီး ဆီစက်သမားများနှင့် မြေပဲလှော်ဖို များမှ ဝယ်ယူမှုရှိခြင်းကြောင့် မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံးများ အနည်းငယ် မြင့်တက်လာပြီး မြေပဲလုံးဆံ (နီ) မှာ တရုတ်ဝယ်လက် ဝယ်ယူမှုအေးခြင်းကြောင့် ဈေးအေးလာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ယခုအပတ် ကျပ် ၆၆၀၀ မှ ၇၀၀၀၊ ယခင်အပတ် ကျပ် ၇၀၀၀ မှ ၇၂၀၀၊ ယခင်လကျပ် ၆၈၀၀ မှ ၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ်ထက်ကျပ် ၂၀၀ မှ       ၄၀၀၊ ယခင်လထက် ကျပ် ၂၀၀ နိမ့်ကျလာသည်။

မြေပဲလုံးဆံ (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခုအပတ် ကျပ် ၇၃၀၀ မှ ၇၅၀၀၊ ယခင် အပတ်ကျပ် ၆၈၀၀ မှ ၇၃၀၀၊ ယခင်လကျပ် ၆၈၀၀ မှ ၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ်ထက် ကျပ် ၂၀၀ မှ ၅၀၀၊ ယခင်လထက်ကျပ် ၅၀၀ မြင့်တက်လာသည်။

S1 ဆီဆံ တစ်ပိဿာလျှင် ယခုအပတ် ကျပ် ၆၇၀၀ မှ ၆၉၀၀၊ ယခင်အပတ်ကျပ် ၆၃၀၀ မှ ၆၅၀၀၊ ယခင်လကျပ် ၆၀၀၀ မှ ၆၂၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ် ထက်ကျပ် ၄၀၀၊ ယခင်လ ထက်ကျပ် ၇၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News