Local News

ကြက်သွန်နီ‌စျေး ပြန်လည်မြင့်တက်လာ

Last Updated:

ပခုက္ကူကုန်စည်ဒိုင်နှင့် ဆိပ်ဖြူကုန်စည်ဒိုင်တို့တွင် ကြက်သွန်နီများဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သင်္ကြန်ကာလမတိုင်မီ ကြက်သွန်နီစျေးများ လျော့ကျခဲ့ရာမှ သင်္ကြန် ပြီးနောက်ပိုင်းတွင် ကြက်သွန်နီစျေးများ အနည်းငယ်မြင့်တက်လာကာ အရောင်းအဝယ် ပုံမှန်ရှိနေပါသည်။  

သင်္ကြန်မတိုင်မီ ပခုက္ကူကြက်သွန်နီစျေးနှုန်းများမှာ ကျပ်(၇၅၀)မှ ကျပ်(၁၇၅၀)စျေးနှင့် ဆိပ်ဖြူကြက်သွန်နီစျေးနှုန်းများမှာ ကျပ်(၁၃၀၀)မှ ကျပ်(၁၇၅၀)စျေးရရှိနေပြီး တစ်ရက်လျှင် ပိဿာချိန် ၁သိန်းမှ၂သိန်းအထိ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ သင်္ကြန်ပြီးရက်များတွင် ပခုက္ကူ ကြက်သွန်နီစျေးနှုန်းများမှာ ကျပ်(၇၀၀)မှ ကျပ်(၂၀၅၀)စျေးနှင့်  ဆိပ်ဖြူကြက်သွန်နီ စျေးနှုန်း များမှာ ကျပ်(၁၃၀၀)မှ ကျပ်(၂၀၀၀)စျေးအထိ အရည်အသွေးပေါ်မူတည်၍ စျေးများရရှိကာ တစ်ရက်လျှင် ပိဿာချိန်၇ထောင်မှ ၁သိန်းကျော်အထိ စျေးကွက်ထဲသို့ဝင်ရောက်၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News